❄Part (67)❄စကားပြောဖို့အခွင့်အရေးမရှိသူ

835 107 0
                                    

Until death

❄67❄
[စကားပြောဖို့အခွင့်အရေးမရှိသူ]

နတ်ဘုရားသည် ရွှမ်းယင်ဘက်ကို လက်ဝါးဖြင့် ခုခံလိုက်ပြီးနောက် တစ်ဆက်တည်း နောက်ထပ် လက်ဝါးတစ်ဖက်ကိုပါ ထုတ်၍ ရွှမ်းယင်ရဲ့ဝမ်းဗိုက်ဆီကို ရိုက်ပစ်လိုက်သည်။ ရွှမ်းယင် မျက်ခုံးကျုံ့သွား၏။

လက်တစ်ဖက်က သူ့အနားကို ရောက်လာခါနီးတွင် အစိမ်းရောင် အငွေ့တန်းကြီးက တစ်ဖက်နတ်ဘုရား၏ ခန္ဓာကိုယ်ကို အရှိန်ပြင်းစွာ ရစ်ပတ်သွားလေ၏။ မြွေတစ်ကောင်လို ရစ်နွယ်ရင်း ထိုနတ်ဘုရားကို လုံးဝလှုပ်မရအောင် ဆုပ်ထားလိုက်သည်။

ချီးစီက လက်တစ်ဖက်ကို ဆန့်ထုတ်လျက် ထိုအငွေ့တန်းကြီးကို ထိန်းချုပ်ထားသည်။

"ရွှမ်းယင်..... နောက်ဆုတ်နေ"

"ကောင်းပြီ"

ရွှမ်းယင် ကလေးကြောင့် ထိတ်လန့်သွားတာကြောင့် လေထုအလယ်မှ အနည်းငယ် ဝေးကွာသော နေရာသို့ ပျံသန်းသွားသည်။ အငွေတန်းကြီးသည် လေဆင်နှာမောင်းသဖွယ် ထိုနတ်ဘုရားကို ရစ်ပတ်ထား၏။ ထိုသူကလည်း အပြင်းအထန် ရုန်းကန်နေသည်။

"မင်းက သူ့ကိုထိမယ်ပေါ့?"

ချီးစီရဲ့မျက်လုံးတွေ မျက်သား၊ မျက်စံအားလုံး အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

"ချီးစီ သတိထားဦး....."

တစ်ဖက်နတ်ဘုရားက အစိမ်းရောင် စွမ်းအင်အငွေ့များကြားမှ ပြင်းပြင်းထန်ထန် ရုန်းကန်လှုပ်ရှားရင်း လွတ်မြောက်အောင် အစွမ်းကုန် ကြိုးစားနေလေသည်။ အစိမ်းရောင် အလင်းငွေ့များက ပို၍အားပြင်းလာကာ နောက်ဆုံး ထိုနတ်ဘုရားကို မမြင်ရတော့တဲ့အထိ များပြားလာသည်။

ရွှမ်းယင် ထိုနတ်ဘုရားကိုကော ချီးစီကိုကော မမြင်ရတော့ပေ။

"ချီးစီ......"

ရွှမ်းယင် အစိမ်းရောင် အငွေ့လုံးကြီးနားကို ချဥ်းကပ်သွားကြည့်သည်။

"ချီးစီ မင်းအထဲမှာလား?"

"ဝင်မလာနဲ့"

အလုံးထဲမှာ အသံနက်ကြီးနဲ့အတူ ချီးစီတို့ရဲ့ တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။ ရွှမ်းယင် အငွေ့လုံးနားကို ချဥ်းကပ်သွားကြည့်သောအခါ အစီအရင်တစ်ခုနဲ့ ကာရံထားတာကို တွေ့လိုက်ရသည်။ အစိမ်းရောင် စက်ကွင်း အစီအရင်များက ထောင်းပေါင်းမြောက်များစွာ ရှိနေ၏။

Until Death (OC) Complete Where stories live. Discover now