❄Part (64)❄နတ်ဘုရားမရဲ့အမှာစကားများ

928 114 0
                                    

Until death

❄ 64❄
[နတ်ဘုရားမရဲ့အမှာစကားများ]

ချီးစီ လရောင်အောက်မှာ စိန်ပွင့်တွေလို တောက်ပလျက်ရှိတဲ့ ဆုတောင်းသစ်ပင်ကို ငေးကြည့်နေတုန်း ထိုသစ်ပင်၏ အရွက်တွေက ရုတ်တရက် လှုပ်ရှားသွားတာကို တွေ့လိုက်ရသည်။ ချီးစီ မျက်တောင်ခတ်သွား၏။ သူအမြင်မှားသွားတာများလား။

မဟုတ်ဘူး။ သူအမြင်မှားနေတာ မဟုတ်ဘူး။ ဆုတောင်းသစ်ပင်က ရုတ်တရက် လှုပ်ရှားသွားရုံသာမက အပြာရောင် စွမ်းအင်တချို့က ထွက်ပေါ်လာပြီး သူ့ကိုခေါ်နေသလိုတောင် ဖြစ်နေသည်။

ချီးစီ အိပ်ငွေ့အချခံလိုက်ရသလို ငိုက်မြည်းသွားသည်။ တောင်ပေါ်ကနေ ပြုတ်ကျလိုက် သလိုမျိုး နှလုံးသားက ဟိုက်ကနဲ ခုန်သွားပြီးတော့ ပြန်ငြိမ်သွား၏။ ချီးစီ မျက်လုံးဖွင့်၍ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သောအခါ အဆုံးအစမရှိသော ကန်ရေပြင်ကြီး တစ်ခုပေါ်မှာ ရောက်နေတာကို သိလိုက်ရသည်။

သူ့ရင်ခွင်ထဲမှာ ရွှမ်းယင် မရှိတော့ပေ။ အပြာရောင် ရေပြင်ထက်မှာ သူတစ်ယောက်တည်းသာ မတ်တတ်ရပ်လျက် ရှိလေသည်။ ချီးစီ အကြီးအကျယ် တုန်လှုပ်သွား၏။

"ရွှမ်းယင်...... ရွှမ်းယင်......"

သူ့ရဲ့အထိတ်တလန့် အော်ခေါ်သံက လက်ရှိပတ်ဝန်းကျင်ကို ပဲ့တင်သံ ထပ်သွားစေသည်။

"မကြောက်ပါနဲ့.... သူကအပြင်က မင်းရင်ခွင်ထဲမှာ အိပ်ပျော်နေတုန်းပါ"

ကြည်လင်သာယာ၍ ပကတိ တည်ငြိမ်လှသော အသံတစ်သံက သူ့ရဲ့နောက်ကျောဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။ ချီးစီ ဇက်ကနဲ လှည့်ကြည့်လိုက်သောအခါ ကန်ရေပြင် အလယ်တွင် ကြီးမားသော အပြာရောင် သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရလေသည်။

ထိုသစ်ပင်ကြီးအောက်တွင် နတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါအပြည့် ဖုံးလွှမ်းထားသော လူတစ်ယောက်က မတ်တတ်ရပ်လျက် ရှိပေသည်။ ရှင်းရှင်းလင်းလင်းသာ ဆိုရရင် ထိုသူက အမျိုးသမီးတစ်ယောက်၊ နတ်ဘုရားမ တစ်ပါးပင်။

"ဒီနားကို လာခဲ့ပါ....."

သူ့ခြေထောက်အောက်က ရေပြင်လို တည်ငြိမ်လှသော အသံက ထပ်မံစကားပြောလာ၏။ ချီးစီ တစ်လှမ်းချင်း လျှောက်သွားမိလေသည်။ သူထိုနတ်ဘုရားမ အနောက်က သစ်ပင်ကြီးကိုလည်း အကံခတ်နေရသေးသည်။ ဒါကသေချာပေါက် ကျင်းစွေတောင်က ဆုတောင်းသစ်ပင်ပဲ။

Until Death (OC) Complete Where stories live. Discover now