Until death
❄57❄
[အမဲလိုက်တောဆီရောက်ရှိခြင်း]ရွှမ်းယင်တစ်ယောက်မှာတော့ ချီးစီ၏ ဖြေကြားမှုကြောင့် ရယ်ရခက်ငိုရခက် ဖြစ်နေတော့သည်။ ယွီချီးစီက သူ့ရဲ့ ကိုယ်လုပ်တော်တွေ အပေါ်ကို နည်းနည်းလေးမှ သနားသက်ညှာမှု မရှိပေ။ ရွှမ်းယင် သူတို့နှစ်ဦး တွဲထားတဲ့လက်ကို ကြည့်လိုက်သည်။
ချီးစီက သူ့တစ်ယောက်တည်း အပေါ်မှာပဲ ကြင်နာတာပဲ။ သူတို့ ထမင်းစားခန်းထဲ ရောက်လာသောအခါ ဧကရာဇ် နဲ့ ဧကရီအတွက် ထမင်းစား စားပွဲကို သီးသန့်လုပ်ထားပေးလေသည်။
တခြား ကိုယ်လုပ်တော်များ အတွက်ကတော့ တစ်ယောက်ကို စားပွဲဝိုင်း တစ်ဝိုင်းစီဖြစ်သည်။ ရွှမ်းယင် သူတို့ကိုကြည့်ပြီးတော့ ချီးစီကို ပြန်ကြည့်လိုက်သည်။ ချီးစီကတော့ ပတ်ဝန်းကျင် လေထု အခြေအနေ မကောင်းတာကို လျစ်လျူရှုထားကာ သူ့ကိုပဲ ဟင်းတွေထည့်ပေးနေသည်။
"ချီးစီ..... ငါမနေ့ကတည်းက မော့လန်ကို မတွေ့ဘူး သူ...."
"အခုကစပြီး ကိုယ်ကမင်းကို စောင့်ရှောက်ပေးမှာမလို့ သူ့ကိုတခြားနေရာမှာ စီစဥ်ပေးထားတယ်.... စိတ်မပူပါနဲ့ သူလုံးဝအနိုင်ကျင့် မခံစေရဘူး....."
"ကျေးဇူးပါ"
"ဘာတွေ ပြောနေတာလဲ? နောက်တစ်ခါ ကျေးဇူးတင်စကား ပြောရင် ကိုယ်မင်းကို ကြမ်းကြမ်းတမ်းတမ်း......."
ရွှမ်းယင် မျက်ဝန်းလေးတွေ ပြူးကျယ်လာကာ နားရွက်တွေရဲလာ၏။ ရွှမ်းယင် ရှက်လာတာကို တွေ့ရတဲ့အခါ ချီးစီ သဘောကျကျနဲ့ ပြုံးလိုက်သည်။
"နမ်းပစ်မယ်..... ထမင်းစား... ခဏနေဆို အမဲလိုက်တောကို ရောက်တော့မှာ မင်းအဲ့နေရာကို မရောက်ဖူးဘူး မဟုတ်လား? ကိုယ်တစ်ခေါက် ရောက်ဖူးတယ်.... အဲဒီနေရာက ထူးဆန်းတယ် ရာသီဥတု ၊ သစ်ပင်၊ မြေဆီလွှာ အကုန်လုံးက သက်ရှိတွေလိုပဲ ပြောင်းချင်သလို ပြောင်းနေကြတာ"
ရွှမ်းယင် ငြိမ်သွားပြီးတော့ မနက်စာကိုပဲ တစ်လုတ်ချင်း စားနေတော့သည်။ မနေ့ညက သူနဲ့ချီးစီ ဝိညာဥ်သားရဲတွေကို သွားကြည့်ခဲ့တဲ့ အချိန်ကို သူသတိရသည်။ သားရဲတွေကို သူကိုယ်တိုင် လွတ်မြောက်ခွင့် ပေးခဲ့တာကိုလည်း သိ၏။
YOU ARE READING
Until Death (OC) Complete