❄Part (76)❄ယွီအန်းရောက်လာပြီ

821 102 0
                                    

Until Death

❄76❄
[ယွီအန်းရောက်လာပြီ]

သက်တမ်းရင့် နတ်ဘုရားမက ထိုမြွေကို စိုက်ကြည့်နေတာ မြင်သောအခါ ယွီချီးစီသည် လက်ပိုက်၍ အသံတိတ် စောင့်ကြည့်နေလိုက်သည်။ ကျန်ရှိနေသော နတ်ဘုရားများသည်လည်း နတ်ဘုရားမအကြည့် သွားရာနောက်ကို လိုက်ကြည့်ကြ၏။

သို့သော် ဘာကမူမမှန် ဖြစ်နေသလဲ ဘာကထူးခြားနေသလဲ ရုတ်တရက် စဥ်းစားလို့မထွက်ဘူး ဖြစ်နေသည်။

ကျုံးရန်းယီ - "ဘာဖြစ်လို့လဲ ရှစ်ဇွင်း"

နတ်ဘုရားမသည် အနီရောင် ဝတ်ရုံစတွေကို အထပ်ထပ် ဝတ်ဆင်ထားကာ ခေါင်းပေါ်တွင် ဇာမဏီဆံထိုး တစ်ချောင်းကို သေသေသပ်သပ် ထိုးထားသည်။ သူမသည် သက်တမ်း ကြာရင့်နေသော်လည်း နုပျိုလှပနေဆဲပင်။

ကျုံးရန်းယီ၏ ရှစ်ဇွင်းဖြစ်ကာ သူမသည်လည်း ရွှမ်းယင်ကဲ့သို့ပင် အပြင်ထွက်ခဲ့လေ၏။ နတ်ဘုရားမသည် ကျုံးရန်းယီရဲ့အမေးကို မဖြေ။ သူမက ယွီချီးစီဘက်သို့ လှည့်လိုက်သည်။

"မင်းက မြွေနဂါးမျိုးနွယ်ကလား?"

ယွီချီးစီ၏ ခပ်မိုက်မိုက်ပုံစံနှင့် မာနတံခွန် လွှင့်ထူထားသော မျက်လုံးများ လှုပ်ခတ်သွားသည်။ မြွေနဂါးမျိုးနွယ်။ နတ်ဘုရားမရဲ့ စကားကို ကြားသော် ကျန်သော နတ်ဘုရားများသည်လည်း ထိုမြွေဆီကို သတိကြီးကြီးနဲ့ ကြည့်လိုက်ကြ၏။

မြွေနဂါးမျိုးနွယ်ဆိုတာ မြင့်မြတ်တဲ့ နဂါးမျိုးနွယ်၏ မျိုးနွယ်ခွဲဖြစ်ကာ သူတို့က နတ်ဆိုးတွေနဲ့လည်း ဆက်စပ်မှု ရှိကြလေသည်။ မြွေနဂါးမျိုးနွယ်မှာ ဤလောကတွင် ပျောက်ကွယ်သွားတာ ကြာပြီဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်က ကောင်းကင်မြို့တော်ကို အုပ်ချုပ်ခဲ့သူတွေ ဖြစ်သည်။

ယွီချီးစီကတော့ ထိုမေးခွန်းကို ကြားသောအခါ မျက်ခုံးကျုံ့သွား၏။

"ဘာသဘောလဲ?"

"သေချာတယ် မင်းက နောက်ဆုံးကျန်တဲ့ မြွေနဂါးမျိုးနွယ်ပဲ.... မင်း မင်းရဲ့ပုံစံ အစစ်အမှန်ကို ပြနိုင်မလား?"

"ဘာတွေ လာပြောနေတာလဲ? တစ်ခုမှနားမလည်ဘူး"

ယွီချီးစီ စိတ်မရှည်စွာ အော်ပြောလိုက်တော့သည်။ သူ့အကြည့်တွေက ဒီပတ်ဝန်းကျင်မှာရှိနေတဲ့ ဘယ်သူ့ကိုမှ မျက်စိထဲမထည့်သလိုပဲ။ နှစ်သက်တမ်းကြီးတဲ့ နတ်ဘုရားမကို ယခုလို မလေးမစား ပြန်ပြောလိုက်သံကို ကြားသောအခါ နတ်ဘုရားများက မျက်လုံးများကို မှေးကျဥ်းထားကြ၏။

Until Death (OC) Complete Where stories live. Discover now