Until death
❄81❄
[မင်းအတွက်ဝိညာဥ်ဆေးပင်တွေရှာမယ်]ယွီချီးစီ စကားလှလှလေးနဲ့ ချော့မော့လိုက်တော့မှ မျက်စောင်းလှလှလေးဟာလည်း သူ့ဆီကနေ ဖယ်ခွာသွားတော့သည်။ မြို့ကိုရောက်တဲ့ အချိန်မှာ နေ့လယ်မွန်းတည့်အချိန် ဖြစ်သည်နှင့်အညီ ပူပြင်းသော နေရောင်အောက်မှာ မြို့သားတွေကတော့ အသွားအလာ ရှိကြတုန်းပင်။
ရွှမ်းယင် လက်တစ်ဖက်က ရွှမ်းရွှမ်းကိုဆွဲလျက် ဝင်လာတဲ့ တစ်လျှောက်မှာ ရွှမ်းရွှမ်းသည် ဟိုဟိုဒီဒီ လက်ညှိုးထိုးပြရင်း မကြာခဏ ခုန်ပေါက်ပြကာ သူဘယ်လောက်ပျော်နေကြောင်းကို ပြောပြနေသည်။
"ဖေဖေ..... အဲဒါဘာလေးလဲ?"
ရွှမ်းရွှမ်းသည် မျက်လုံးပြူးပြူး တောက်တောက်ကလေးဖြင့် ငုတ်တုတ်ထိုင်ရောင်းနေသော သကြားရုပ်သည်ဘက်ကို ညွှန်ပြလေ၏။
ထိုအခါ ယွီချီးစီမှသူ့ကို ကောက်ပွေ့လိုက်ပြီး ရွှမ်းယင်ရဲ့လက်ချောင်းတွေကိုလည်း ဆုပ်ကိုင်ကာ သကြားရုပ်သည်ဆီသို့ ပျော်ပျော်ကြီး ပြေးသွားသည်။ စျေးဝယ်လာသည်နှင့် ဦးလေးကြီးက အတောက်ပဆုံး ပြုံးပြရင်း။
"သမီးလေး..... ဒီမှာ ရော့"
သကြားရုပ်ကလေး လက်ထဲရောက်လာတော့ ရွှမ်းရွှမ်းက အံ့သြနေ၏။ အရုပ်ကလေးက ကြက်ဖပုံစံ သေသေသပ်သပ် ပြုလုပ်ထားတာကိုး။ သူ့အတွက်ဒါက ထူးဆန်းတဲ့ အစားအစာတစ်ခုလို ဖြစ်နေသည်လေ။
"ဟယ် ကြက်ဖကြီး"
သူ့အသံကြားတော့ ရောင်းသူဦးလေးကြီး အပါအဝင် ယွီချီးစီတို့လည်း ရယ်လိုက်ကြတဲ့အခါ သူလေးကပါ တခစ်ခစ်နဲ့ လိုက်ရယ်တော့သည်။
စျေးသည် - "ကြက်ဖလေးပါကွာ..... ဒီကြက်ဖက သေးသေးလေးဟာကို"
ယွီချီးစီ - "ဘယ်လောက်ကျလဲ?"
"ငွေတစ်စပါ"
ယွီချီးစီ နောက်ထပ် ယုန်နဲ့ ငါးအရုပ်ကလေးတွေကိုပါ ယူလိုက်ပြီး ငွေရှင်းလိုက်သည်။ ရွှမ်းရွှမ်းမှာ လက်တစ်ဖက်က ကြက်ရုပ်ကလေးကို စားနေစဥ် လက်တစ်ဖက်ကတော့ ကျန်နေတဲ့ အရုပ်နှစ်ရုပ်ကို ကိုင်ထားသည်။
YOU ARE READING
Until Death (OC) Complete