❄Part (6)❄ရွှမ်းယင်ကိုသဘောကျနေသူများ

1.2K 149 0
                                    

Unicode
Until death

                      ❄6❄
          [ရွှမ်းယင်ကိုသဘောကျနေသူများ]

       ကျုံးရန်းယီသည် လွန်ခဲ့သော နှစ်၁၀၀ ကျော်လောက်က ရွှမ်းယင်ကို ပထမဆုံး တွေ့ဖူးခဲ့တာဖြစ်ပြီး သူကမြင်မြင်ချင်းပဲ ရွှမ်းယင်ကို စိတ်ဝင်စားခဲ့တဲ့သူ ဖြစ်သည်။ သူ့မှာအခွင့်အရေး မရှိတာကြောင့် ရွှမ်းယင်အနားကို မကပ်နိုင်ခဲ့ပေ။

        သူ ရွှမ်းယင်ကို မတွေ့ရပေမယ့် ရွှမ်းယင်ကိုသူ့ရဲ့ လက်တွဲဖော်နေရာမှာ တိတ်တိတ်ကလေး သတ်မှတ်ထားခဲ့တာ ဖြစ်လေသည်။ ယခု ရွှမ်းယင်က သူ့ရှေ့မှာပေါ်လာတဲ့ အခါမှာတော့ ကျုံးရန်းယီ ဘယ်ကနေဘယ်လို စကားစပြောရမှန်းမသိ ဖြစ်သွား၏။

        ရွှမ်းယင်က သူတို့ဘက်ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ပေ။ သူက သူ့တပည့် ချီးစီဆီကိုသာ လျှောက်သွားလေသည်။ ချီးစီ လက်နှစ်ဖက်ထပ်လျက် ဂါဝရပြုလိုက်သည်။

"ရှစ်ဇွင်း......"

        ရွှမ်းယင်က စကားမပြောသေး။ သူသည် ချီးစီလက်ကိုဆွဲ၍ လက်ကောက်ဝတ်ပေါ် လက်ချောင်းနှစ်ချောင်း တင်လျက် ချီးစီရဲ့ဒဏ်ရာ ပြင်းမပြင်း စမ်းသပ်လိုက်သည်။ ရွှမ်းယင် ဘာလုပ်တော့မယ် ဆိုတာကို သိတဲ့ ချီးစီက သူ့ကိုယ်သူ ဒဏ်ရာနည်းနည်းပြင်းအောင် ကျုံးဝူနဲ့တိုက်နေစဥ် အချိန်ကတည်းက ပြင်ဆင်ထားပြီးသား။

        ချီးစီ အတွင်းဒဏ်ရာ ရသွားတာကိုတွေ့တော့ ရွှမ်းယင်ရဲ့ မျက်ခုံးက တစ်ချက်ကျုံ့သွားသည်။

"ဘယ်လိုဖြစ်တာလဲ?"

"ရှစ်ဇွင်း.... ကျွန်တော်က ဒီကိုပစ္စည်းလာဝယ်တာပါ ဒါပေမယ့် သူကအရင် ကျွန်တော့်ကို ရန်လာစပြီး သူကအရင် တိုက်ခိုက်တာ.... "

        တစ်ဖက်ကတော့ ကျုံးဝူမှာတော့ ဒေါသထွက်လျက်။ သူက ချီးစီကို အော်ဟစ်ရန်အတွက် ဟန်ပြင်လိုက်စဥ် ကျုံးရန်းယီက စူးစူးရဲရဲ စိုက်ကြည့်လာတာကြောင့် တိတ်တိတ်ကလေး အနောက်ပြန်ဆုတ်သွားရသည်။

        ရွှမ်းယင်က သူ့တပည့်တွေနဲ့ ပတ်သက်ပြီး အပြင်ကို မထွက်လာဖူးဘူး။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့တပည့်ကြီး နှစ်ယောက်က ပြဿနာမတက်အောင် နေတတ်လို့ပဲ။ ချီးစီကတော့ မတူ။ သူက ကောင်းကင်မြို့တော်ကို ရောက်တာ နှစ်ရက်လောက်သာ ရှိသေးတာကို ရွှမ်းယင် ထွက်လာအောင် လုပ်တတ်နေပြီ။

Until Death (OC) Complete Where stories live. Discover now