❄Part (30)❄ပြိုင်ပွဲကျင်းပခြင်း

1K 119 2
                                    

Until death

                     ❄ 30❄
          [ပြိုင်ပွဲကျင်းပခြင်း]

       ချစ်သူကောင်လေး ဆိုတဲ့စကားလုံးကို ရွှမ်းယင် အနေဖြင့် ယခုမှသာ ရင်းရင်းနှီးနှီး ကြားဖူးတာဖြစ်သည်။ ချီးစီဆီကနေ ကြားလိုက်ရတော့လည်း သူ့နှလုံးသားက တသိမ့်သိမ့် တုန်သွားပြီး ရှက်သွေးဖြာလာရပြန်၏။

       သူစကားပြောရန် နှုတ်ခမ်းကို လှုပ်လိုက်သောအခါ အလွန်နီးကပ်လှသော ချီးစီရဲ့ မျက်လုံးတွေက သူ့နှုတ်ခမ်းဆီကို အကြည့်လွှဲလာတာ တွေ့လိုက်ရလေသည်။ ရွှမ်းယင် မျက်နှာပူပူနဲ့ပဲ ခေါင်းညိတ်ပြလိုက်လေသည်။

        ထို့နောက် ထခုန်မတတ် ပျော်ရွှင်နေတဲ့ ချီးစီကို တွန်းလွှတ်ပစ်ကာ။

"မနက်စာစားမယ်"

"ဟုတ် "

        ချီးစီကလည်း သစ်သားသေတ္တာလေးကို လှပ်၍ မုန့်တွေချပေးလိုက်သည်။

"ရှစ်ဇွင်း သဘောကျတဲ့ဟာ ယူစားကြည့်.... ဒါပေမဲ့ ရှစ်ဇွင်း အကုန်လုံးကို ခံတွင်းတွေ့သွားမယ်လို့တော့ ကျွန်တော်ထင်တယ်"

"မင်းအမေ လုပ်ပေးလိုက်တာလား?"

"ဟုတ်တယ်.... သူက ရှစ်ဇွင်းအတွက်လည်း လုပ်ပေးလိုက်တယ် စားကြည့်ပါအုံး"

         ဧကရီက နတ်ဆိုးမျိုးနွယ် ဖြစ်တာကြောင့် သူမလုပ်ထားတဲ့ မုန့်တွေက နတ်ဆိုးစွမ်းအင် အငွေ့အသက် နည်းနည်း ပါဝင်ပေ၏။ မတိုင်ခင်က ချီးစီ ထိုမုန့်တွေထဲက နတ်ဆိုးစွမ်းအင်တွေ အားလုံးကို စုပ်ယူထားတာကြောင့် ရွှမ်းယင်အတွက် စားလို့အဆင်ပြေမှာ သေချာလေသည်။

         ရွှမ်းယင် မုန့်တစ်ခုကို ယူစားကြည့်ပြီးနောက် ပြုံးလိုက်သည်။ ပြီးနောက် တစ်ခုပြီးတစ်ခု ယူစားကြည့်သည်။ ချီးစီ ပြောတဲ့အတိုင်းပဲ မုန့်တွေအကုန်လုံးကို ရွှမ်းယင် ခံတွင်းတွေ့သွား၏။

        နေ့လယ်ခင်းတွင် တက်သစ်စ တပည့်ငယ်တွေနဲ့ ဒုတိယအဆင့် စီနီယာကျသော တပည့်များအတွက် ပြိုင်ပွဲရှိလေသည်။ စီနီယာများအတွက် ပြိုင်ပွဲကတော့ သုံးလလျှင်တကြိမ် ဖြစ်ပြီး သေခြင်းရှင်ခြင်းတံတား ပွင့်သွားတာကြောင့် တပည့်ငယ်တွေအတွက် ရက်ရွေ့ဆိုင်းလိုက်ရလေရာ စီနီယာတွေနဲ့ ပြိုင်ပွဲရက် တိုက်ဆိုင်သွားလေ၏။

Until Death (OC) Complete Where stories live. Discover now