❄Part (59)❄နတ်ဆိုးတံခါးထဲဝင်ကာအိမ်ပြန်ခြင်း

944 124 0
                                    

Until death

❄59❄
[နတ်ဆိုးတံခါးထဲဝင်ကာအိမ်ပြန်ခြင်း]

'ကလေးယူမယ်' 'ယူလို့မရဘူး' စသည်ဖြင့် အငြင်းအခုန် ဖြစ်ပြီးနောက်တွင် သူတို့နှစ်ယောက်သည် အမဲလိုက်တောအလယ်က ရေကန်ကြီးနားကို ရောက်လာခဲ့လေသည်။ ရေကန်ကြီး၏ ရေအရောင်သည် အနီပုပ်ရောင်ဖြစ်ကာ လရောင်အောက်မှာ သွေးရေကန်နဲ့တောင် တူနေသေးသည်။

ရေကန်နားရောက်တဲ့အထိ ချီးစီသူ့ကို ပွေ့ချီလာ၏။ ရွှမ်းယင်ကလည်း ဆင်းမယ်ဟု တစ်ခွန်းမှ မပြောခဲ့ဘဲ ရေကန်နားရောက်မှသာ သူ့ဘာသာ ခုန်ဆင်းလိုက်သည်။

"ချီးစီ.... ဒီရေကန်က အရောင်ထူးဆန်းလိုက်တာ...."

"ဟုတ်တယ်.... ဒါကိုဒီကလူတွေက မိန်းမပျိုသွေးကန်လို့ ခေါ်ကြတယ်.... မိန်းကလေးတစ်ယောက် သူ့ကိုယ်သူ လည်ပင်းလှီး သတ်သေပြီးတဲ့နောက် ဒီရေကန်ဖြစ်လာတာတဲ့"

ရွှမ်းယင် သူ့စွမ်းအားကိုသုံး၍ ရေကန်ကို စမ်းသပ်မည်အလုပ်တွင်။

"ဧကရာဇ်? ဧကရီ......"

အသံနှစ်သံက သူတို့နှစ်ယောက်လုံးကို အနောက်ဖက်ကို လှည့်ကြည့်လိုက်ဖို့အတွက် ဆွဲဆောင်လိုက်သည်။ သူတို့အနောက်တွင် လိအကြီးအကဲ နဲ့ လိမိသားစု၏ ခေါင်းဆောင်များက ရပ်လျက်ရှိပြီး သူတို့က ပထမဦးစွာ ရွှမ်းယင်ကိုတွေ့ကြလို့ ပြေးလာခဲ့ကြတာ ဖြစ်သည်။

သူတို့သည် ရွှမ်းယင်ဘေးကလူကို ကြည့်လိုက်သောအခါ အကုန်လုံး ထိတ်လန့် တုန်လှုပ်ကုန်ကြတော့၏။ အဘယ်ကြောင့်မူကား သူတို့သိတဲ့ ဧကရာဇ်နဲ့ ယခုဧကရာဇ်က ပုံပန်းသဏ္ဌာန်ချင်း မတူကြတော့လို့ပင်။

လိအကြီးအကဲ - "ဒါက ဧကရာဇ်လား?"

ခေါင်းဆောင်၂ - "အကြီးအကဲ.... ဒါ ဒါက ကျွန်တော်တို့ရဲ့ ဧကရာဇ်လား? ဘယ် ဘယ်လိုလုပ် မျက်လုံးတွေက အစိမ်းရောင် ဖြစ်နေတာလဲ? ပြီးတော့ ဧကရီကောပဲ.... ဧကရီကလည်း ထူးဆန်းနေတယ်"

လိအကြီးအကဲ၏ မျက်နှာသည် သူ့ငယ်သားတွေလို အံ့ဩ တုန်လှုပ်မနေတော့ပေ။ သူက ရွှမ်းယင်ကို စူးစိုက်ကြည့်လိုက်ပြီးတော့ ထိုသူက ဘယ်သူလဲဆိုတာကို သူသဘောပေါက်သွားသည်။

Until Death (OC) Complete Where stories live. Discover now