❄Part (80)❄ခဏတာနိုးထလာခဲ့ခြင်း

1K 107 0
                                    

Until death

❄80❄
[ခဏတာနိုးထလာခဲ့ခြင်း]

ဆေးနတ်ဘုရား ပြသော ဝိညာဥ်ဆေးပင်မှာ ရွှမ်းယင် သူမနေ့ကသုံးခဲ့သော ဆေးပင်ထက် အာနိသင်ပိုရှိတယ် ဆိုတာကို သိသည်။ ဒါက ယွီချီးစီရဲ့ဝိညာဥ်အတွက် အကောင်းဆုံး အထောက်အပံ့ပဲ။

ရွှမ်းယင် - "ဒါက....."

"နှစ်၂၀၀၀ ဖီးနစ်ဆေးပင်လို့ ခေါ်တယ်.... ဝိညာဥ်အပိုင်းအစကို စုစည်းဖို့ ကုသဖို့ အကောင်းဆုံးအထောက်အပံ့ပဲ "

"ကျွန်တော် ယူမယ်..... ဘာပြန်ပေးရမလဲ?"

ဆေးနတ်ဘုရားက ပြုံး၍ သေတ္တာကို အဖုံးပိတ်လိုက်သည်။

"ကျွန်တော်လိုချင်တာက နတ်ဘုရားရွှမ်းယင်ရဲ့ နှစ်၁၀၀၀ ကြာပန်းပါ"

ဆေးနတ်ဘုရားက ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။ ရွှမ်းယင်ရဲ့ ကျင်းစွေတောင်ဟာ အဆုံးမဲ့ပြည်တော်က ကျဆင်းလာသော နယ်မြေတစ်ခုဖြစ်ပြီး စွမ်းအင်တွေကလည်း အဆုံးမဲ့ပြည်တော်ရဲ့ ဝိညာဥ်စွမ်းအင်လိုပဲ။ ဒါကြောင့် လူတိုင်းက ကျင်းစွေတောင်ကို မျက်စိကျကြသည်။

ကျင်းစွေတောင်မှာ ကျင့်ကြံချင်သည်။ တပည့်ခံကာ ဝိညာဥ်သစ်သီးတွေနဲ့လည်း အထောက်အပံ့ ရချင်သည်။

ယခု ဆေးနတ်ဘုရား တောင်းဆိုလိုက်တဲ့ ကြာပန်းဆိုတာက ကျင်းစွေတောင်ရဲ့ ဝိညာဥ်စွမ်းအင် အားကောင်းသော အရာတွေထဲက တစ်ခုပင်။

"ကောင်းပြီ..... ကျွန်တော် ပေးမယ်"

နတ်ဘုရားရွှမ်းယင် ချက်ချင်း သဘောတူလိုက်တာကို တွေ့ရတဲ့အခါ နတ်ဆိုးဧကရာဇ်ဟောင်း အပေါ် ဤနတ်ဘုရားရဲ့ သံယောစဥ်က ဘယ်လောက်ကြီးသလဲ သူနားလည်သွား၏။ ရွှမ်းယင် သူ့ဘေးကို လက်လှမ်းလိုက်တဲ့အခါ ဆေးနတ်ဘုရားလည်း အံ့သြသွားသည်။

ဒီကနေ ကျင်းစွေတောင်မှာရှိတဲ့ ကြာပန်းကို လှမ်းယူနေတာလား။

ရွှမ်းယင်ကတော့ လက်တစ်ဖက်ကို လေထဲတွင် ဆန့်တန်းထားလျက် လှုပ်ရှားနေကာ ခဏအကြာတွင် အစိမ်းရောင် ကြာရွက်တစ်ရွက်နဲ့အတူ အပြာရောင် ကြာပွင့် ပါလာ၏။ ရွှမ်းယင်ရဲ့ အစွမ်းကို ပထမဆုံးအကြိမ် တွေ့ဖူးသော ဆေးနတ်ဘုရားမှာ မအံ့သြဘဲမနေနိုင်ပေ။

Until Death (OC) Complete Where stories live. Discover now