❄Part (53)❄လုပ်ကြံသူများ

1K 138 1
                                    

Until death

❄53❄
[လုပ်ကြံသူများ]

"ရွှမ်းလေး..... ကိုယ့်ကို စည်းရုံးတော့လေ အခန်းထဲမှာ ဘယ်သူမှမရှိတော့ဘူး အေးအေးဆေးဆေး စည်းရုံးလို့ရတယ်"

ရွှမ်းယင် မျက်တောင်မခတ် ထိုသူအား ကြည့်နေ၏။

"ရွှမ်းလေး တကယ်ပဲ စာရေးချပြီး ကိုယ့်ကို စာဖတ်ခိုင်းချင်နေတာတော့ မဟုတ်ဘူးမလား?"

ရွှမ်းယင် သူ့ရဲ့လက်ချောင်းတွေကို သူ့ဘာသာ ဖျစ်ညှစ်ရင်း ယွီချီးစီကို ပြန်မေးလိုက်သည်။

"မ မရဘူးလား?"

"သေချာပေါက်ပဲပေါ့.... မင်းစည်းရုံးတာကို ကိုယ်သဘောကျမှ မင်းတို့အိမ်တော်က သားကြီးအတွက် စဥ်းစားပေးမှာလေ အဲဒီအတွက်တော့ မင်းက အကောင်းဆုံး ကြိုးစားဖို့လိုတယ်.... ကိုယ်စိတ်ကျေနပ်အောင်လေ"

"ဒါဆိုရင် မင်းစိတ်ကျေနပ်အောင် ဘယ်လိုလုပ်ပေးရမလဲ?"

သားကောင်က ထောင်ချောက်ထဲကို ဝင်လာလေပြီ။ သူ့ဘက်ကတော့ သားကောင်ကို အလွတ်ပေးဖို့ ဆန္ဒမရှိပေ။ ယွီချီးစီ အရှေ့ကို ပြန်တိုးလိုက်သည်။ သူတို့ဘာသာ အချင်းချင်း ပွတ်သပ်ရင်း နီရဲနေတဲ့ လက်ချောင်းလေးတွေကို ဆုပ်ကိုင်လိုက်၏။

ထို့နောက် အောက်ကိုအနည်းငယ် ငုံ့ကိုင်းလိုက်ပြီး။

"ကိုယ့်ကိုနမ်း"

ရွှမ်းယင် မျက်လုံးပြူးသွား၏။ သူက နမ်းရမယ်တဲ့လား။ စည်းရုံးတာက အနမ်းတစ်ပွင့် ပေးရုံပဲလား။ ရွှမ်းယင်ရဲ့ အံ့ဩနေတဲ့ မျက်နှာကိုတွေ့တော့ ယွီချီးစီ စိတ်လှုပ်ရှားလာလေသည်။ အလှပေါင်းတစ်ရာမက တွေ့ခဲ့ဖူးပေမယ့် ရွှမ်းယင်ရဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အံ့သြနေပုံလေးကသာ သူ့နှလုံးသားကို ကိုင်လှုပ်နိုင်လေသည်။

"ဒါမှမဟုတ်ရင် ကိုယ်မင်းကို နမ်းမယ်လေ.... အဲလိုဆိုရင်လည်း အဆင်ပြေတယ်"

"တခြားဟာကော?"

"တခြားဟာမရှိဘူး"

ရွှမ်းယင် အခက်တွေ့နေချေပြီ။ သူဘယ်လိုလုပ်ရမလဲ။ ယွီချီးစီက စိတ်ရှည်ရှည်နဲ့ပဲ သူနမ်းလာမည့်အချိန်ကို စောင့်နေလေသည်။ ရွှမ်းယင် ခေါင်းစောင်း၍ ယွီချီးစီရဲ့ ပါးကို နမ်းလိုက်တော့သည်။

Until Death (OC) Complete Where stories live. Discover now