❄Part (25)❄စိတ်ပူပေးတတ်သူ

967 115 0
                                    

Until death

                        ❄25❄
           [စိတ်ပူပေးတတ်သူ]

"ချီးစီ......"

         ရွှမ်းယင်ရဲ့ လက်ဖဝါးသေးသေးလေးတွေ နံရံကို ထုရိုက်နေဆဲ။ သူမောဟိုက်လာသည်။ ချီးစီ ဟိုဘက်မှာ ဘာဖြစ်နေပြီလဲ မသိရတာကြောင့် သူ့ရင်ဘတ်ထဲမှာ ပူလောင်နေသည်။ သူ့အနောက်ဘက်တွင်ရှိ ယွင်လန်တစ်ယောက် နတ်ဆိုးတစ်ကောင်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာကိုတောင် သွားမကူညီနိုင်တော့ပေ။

"ချီးစီ......."

         ရွှမ်းယင် လက်စည်းတံဆိပ် မြန်မြန်ဖော်၍ နံရံထဲက ချီးစီကို ဆွဲထုတ်ဖို့အတွက် ပြင်သည်။ အပြာရောင် အစီအရင် စက်ကွင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး ကျောက်သားနံရံတွင် လှိုင်းတွန့်တစ်ခု ​ပေါ်လာ၏။

         ရွှမ်းယင် လက်တစ်ဖက်ဆန့်လျက် လှိုင်းတွန့်ထဲကို စွမ်းအင်ကြိုးမျှင်တစ်ခု ပစ်သွင်း၍ တစ်စုံတစ်ယောက်ကို ဖမ်းဆွဲကာ အပြင်ဆွဲထုတ်လိုက်သည်။

"ချီးစီ......"

         နံရံအပြင်ဘက်ကို ကန်ထွက်လာတဲ့ လူကို သူထိကိုင်မည်အပြုတွင် ထိုသူက ချီးစီမဟုတ်ဘဲ အဖမ်းခံရတဲ့ နတ်ဘုရားတွေထဲက တစ်ယောက်ဆိုတာ တွေ့လိုက်ရ၏။ ရွှမ်းယင် ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး... ချီးစီကော ချီးစီဘယ်မှာလဲ?"

         ရွှမ်းယင် ပျာယာခတ်နေတဲ့ပုံကို နံရံတစ်ဖက်တွင်ရှိသော ချီးစီမှာ မျက်စိမျက်နှာပျက်ကာ ရပ်ကြည့်နေ၏။ ရွှမ်းယင်သူ့အပေါ်မှာ ဒီလောက်ထိ စိတ်ပူပေးလိမ့်မယ်လို့ မထင်ထားခဲ့။ ထိုနတ်ဘုရားလေး အရူးလို လျှောက်လုပ်နေမှာကို မကြည့်ရက်တော့တာကြောင့် ချီးစီ အသံကူးပြောင်း ခေါင်းလောင်းကို ထုတ်လိုက်သည်။

{"ရှစ်ဇွင်း....."}

        ရွှမ်းယင် ခါးကြားရှိ မှော်အိတ်လေးထဲကနေ အသံကူးပြောင်း ခေါင်းလောင်းကို ဆွဲထုတ်လိုက်သည်။ ချီးစီအသံကို ကြားတော့မှ သူစိတ်ပူနေတာတွေက နည်းနည်း လျော့သွား၏။ သူချီးစီကို စကားပြန်ပြောမလို ပြင်လိုက်ချိန်မှာပဲ ယွင်လန်ရှိနေသော အခန်းက ကျောက်တုံးတံခါးကြီး ပိတ်သွားသည်။

Until Death (OC) Complete Where stories live. Discover now