❄Part (84)❄စီးပွားရေးလုပ်ဖို့စီစဥ်ခြင်း

810 99 0
                                    

Until death

❄84❄
[စီးပွားရေးလုပ်ဖို့စီစဥ်ခြင်း]

ရွှမ်းယင် လက်တစ်ဖက်ဆန့်လိုက်သည်။ သူ့ရဲ့မူပိုင်ဖြစ်တဲ့ အပြာရောင် စွမ်းအင်တွေ ဖြာထွက်လာ၏။ ထိုစွမ်းအင်တွေ ထွက်ပေါ်လာတဲ့အခါ မြို့သားများ အသီးသီး နောက်ဆုတ်သွားကြသည်။

သူတို့ရဲ့မြို့လေးက လူသားကျင့်ကြံသူတွေ မရှိဘူး။ ခရီးသွားတွေဆိုရင်လည်း သာမန်လူသားတွေသာ ဖြစ်ကြရာ ယခုလို စွမ်းအင်အငွေ့အသက်တွေကို တွေ့လိုက်ရသော အခိုက်အတန့်တွင် အားလုံး၏တုံ့ပြန်မှုမှာ အနောက်ကို ဆုတ်သွားခြင်းပင်။

ရွှမ်းယင် လက်တစ်ဖက်တွင် မှော်စုတ်တံတစ်ချောင်း ပေါ်လာခဲ့ကာ ထိုစုတ်တံသည် ရွှမ်းယင်ရဲ့ စေရာအတိုင်း နေရာပြောင်း အစီအရင်စက်ကွင်းကို ရေးဆွဲနေ၏။ စက်ကွင်းအကြီးကြီး ဖြစ်ပေါ်လာသောအခါမှာ ရင်းသခင်မလေး၏ ကြောင်အနေသော ပုံစံလေးမှ သတိပြန်ဝင်လာသည်။

သူက ရွှမ်းယင်ကို အံ့သြစွာ ကြည့်လိုက်ပြီး။

"ရှင်က နတ်ဘုရားလား?"

ရွှမ်းယင် သူမကို တစ်ချက်ကြည့်သည်။ မေးခွန်းအတွက် ခေါင်းမညိတ် ခေါင်းမခါခဲ့ဘဲ စက်ကွင်းထဲကို တိုးဝင်ပျောက်ကွယ်သွားလေ၏။ နတ်ဘုရားတစ်ပါး သူတို့ရဲ့မြို့ကလေးကို အလည်လာခဲ့တာလား ဟူသည့် အတွေးများဖြင့် အံ့အားသင့်နေကြတဲ့ မြို့သားတွေကို အနောက်တွင် ချန်ရစ်ခဲ့သည်။

ရွှမ်းယင်တို့သည် အင်းချွန်းမြို့ထဲရှိ လူရှင်းတဲ့ လမ်းကြားတစ်ခုထဲတွင် ပေါ်လာသည်။ လူအာရုံစိုက်တာ မခံရအောင် ရွှမ်းယင် ပဝါစများပါတဲ့ ခမောက်ကို စောင်းလိုက်သည်။

"ရွှမ်း အဲဒါကို မစောင်းချင်ဘူး"

"ဟင်?"

ရွှမ်းရွှမ်းသည် လက်တိုတိုလေးတွေကို အချင်းချင်း ဆုပ်ကိုင်ထားလျက် သူ့ကိုယ်လုံးလေးကို ဟိုဘက်ဒီဘက် ယိမ်းပြနေရင်း။

"ရွှမ်း အဲဒါကို မစောင်းထားလို့ မရဘူးလားဟင်?"

ရွှမ်းယင် ခွင့်မပြုမှာကြောက်လို့ သူ့ရဲ့ချစ်စရာပါးဖောင်းဖောင်းလေး ပေါ်အောင် နှုတ်ခမ်းကို ဆူပြထားသည်။ ဒီထက်ပိုပြီး ချစ်စရာကောင်းသွားအောင် သူသည် အဝတ်စလေးကို ဆုပ်လျက် ကိုယ်လေးကို ဟိုဘက်ဒီဘက် ယမ်းပြနေသေး၏။

Until Death (OC) Complete Where stories live. Discover now