❄Part (56)❄နတ်ဆိုးအစီအရင်ပေါ်ထွက်လာတယ်

1K 131 0
                                    

Until death

❄56❄
[နတ်ဆိုးအစီအရင်ပေါ်ထွက်လာတယ်]

ယွီချီးစီရဲ့အသံကို နားထောင်ကြည့်တာနဲ့ ပုံမှန်မဟုတ်တော့ဘူး ဆိုတာကို သူသိသည်။ ရွှမ်းယင် ခပ်မြန်မြန် လျှောက်သွားပြီး အပြင်ထွက်ဖို့ ပြင်နေတဲ့ ယွီချီးစီရဲ့ရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။ တစ်ဖက်လူလည်း ခြေလှမ်းတွေ ရပ်သွား၏။

"ချီးစီ.... သူကမသေနိုင်ဘူး ငါတို့မှာ အချိန်ရှိသေးတယ်"

ယွီချီးစီက လက်သီးတင်းတင်း ဆုပ်ထားသည်။

"ဒါပေမဲ့ ကိုယ်သည်းမခံနိုင်ဘူး.... ကိုယ်သူ့ကို သတ်ချင်တယ်"

"ငါသိတယ်.... ငါသိတယ် ငါ့ကိုကြည့် ငါ့ကိုကြည့်ပါ.... "

ယွီချီးစီရဲ့ ပါးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး သူ့ကိုငုံ့ကြည့်စေ၏။ အပြာရောင် မျက်ဝန်းတွေနဲ့ စိတ်ငြိမ်သွားအောင် ကုသပေးချင်မိသည်။ ယွီချီးစီရဲ့ မျက်ဝန်းတွေဟာ တသိမ့်သိမ့် တုန်လျက် သူဘယ်လောက်တောင် ဒေါသကို ထိန်းထားရသလဲမသိ။

"ငါတို့အခုထွက်လို့ မရသေးဘူး.... တံခါးက ဘယ်နေရာမှာလဲ ဆိုတာ မသိရသေးဘူးလေ.... အမှောင်ထဲမှာလည်း ရန်သူရှိနေတယ်.... ငါတို့အလျင်စလို လုပ်လိုက်ရင် သူတို့ကို သတိပေးသလို ဖြစ်သွားလိမ့်မယ်.... အရင်ဆုံး ဝိညာဥ်သားရဲတွေကို ဆက်သွယ်ပြီး သူတို့ဒီကို ဘယ်လိုရောက်လာကြသလဲ စုံစမ်းရမယ်....ပြီးရင် အခြေအနေ ကြည့်ပြီး ကျန်တာတွေ ဆက်စီစဥ်ကြမယ်"

"........"

"ချီးစီ မင်းငါ့ကို အရမ်းချစ်တယ် မဟုတ်လား?"

"ချစ်တယ်"

တိတ်ဆိတ်နေရာမှ ချက်ချင်း ပြန်ဖြေလာသည်။

"နေ့ခင်းပိုင်းမှာ ငါကအားနည်းတယ်.... မင်းစိတ်မငြိမ်တုန်း တစ်ယောက်ယောက်က ငါ့ကိုဒုက္ခပေးသွားရင် ဘယ်လိုလုပ်မလဲ? မင်းငါ့ကို ကာကွယ်ပေးရမယ်လေ မတော်လို့ ငါတစ်ခုခု ဖြစ်သွားရင်"

"ကိုယ်အဖြစ်မခံဘူး!!!"

"ဟုတ်တယ်.... မင်းအဖြစ်ခံမှာ မဟုတ်ဘူး.... ဒါကြောင့် မင်းမှာအသိရှိနေဖို့ လိုတယ်....ဟုတ်ပြီလား? အခုငါတို့ ဝိညာဥ်သားရဲတွေအနား ချဥ်းကပ်ရအောင်"

Until Death (OC) Complete Where stories live. Discover now