❄Part (86)❄မအောင်မြင်ခဲ့တဲ့သက်တမ်း

856 89 0
                                    

Until death

❄ 86❄
[မအောင်မြင်ခဲ့တဲ့သက်တမ်း]

လေလံအိမ်ကနေ ထွက်လာတဲ့ ယွီချီးစီ နဲ့ ရွှမ်းယင်တို့သည် လမ်းလယ်တွင် တစ်ဦးတည်းရပ်နေတဲ့ လူအား စိုက်ကြည့်နေကြသည်။ ရွှမ်းယင် ရွှမ်းရွှမ်းကိုကျောပိုးလိုက်စဥ် ရွှမ်းရွှမ်းသည်လည်း အလိုက်သိစွာ ရွှမ်းယင်ကို ပြန်ဖက်ထား၏။

"ဖေဖေ...."

"မကြောက်နဲ့.... ဖေဖေရှိတယ်"

"ရွှမ်း အဲဒီလူကြီးကို ကြောက်တယ် သူကသမီးကိုပဲ ကြည့်နေတာ"

ရွှမ်းရွှမ်းစကားကို ကြားသောအခါ ယွီချီးစီသည် သူ့ရဲ့မြင့်မားသော အရပ်ကို သုံး၍ ရွှမ်းယင်တို့ သားအဖရှေ့တွင် ပိတ်ရပ်လိုက်တော့သည်။ တစ်ဖက်က အညိုရောင်ဝတ်ရုံနဲ့လူသည် နှုတ်ခမ်းကို မဲ့စောင်းစောင်းပြုံးပြလိုက်ပြီးနောက် ခြေတစ်ဖက်ခွဲ၍ လက်ဝါးစွမ်းအင် တစ်ချက် ပစ်သွင်းလိုက်၏။

အဖြူရောင် မြူခိုးတန်းကြီးသည် ယွီချီးစီတို့ထံသို့ ကျားတစ်ကောင်ကဲ့သို့ အလျှင်ဖြင့် ပြေးဝင်သွားလေသည်။ ယွီချီးစီ လက်တစ်ဖက်ဆန့်၍ ပြေးဝင်လာတဲ့ မြူခိုးတွေကို တားဆီးလိုက်သည်။

လေထုပြင်းအားတစ်ချက် ဘေးပတ်ပတ်လည် လွင့်ပျံသွားကာ လမ်းဘေးစျေးတန်းများ ကျိုးကြေကုန်သည်။ တစ်ဖက်ကလူဟာလည်း မျက်နှာပျက်သွား၏။ ယွီချီးစီရဲ့ စွမ်းအင်အဆင့်ကို သူအထင်သေးခဲ့မိတာပဲ။

ယွီချီးစီက သူ့စွမ်းအင်တွေကို သေသေချာချာ ဖုံးကွယ်ထားတာကြောင့် အညိုရောင်ဝတ်လူသည် သတိမထားမိခဲ့တာ ဖြစ်လေသည်။ ယခုအခါ သူ့လက်ဝါးစွမ်းအင်ကို အသာလေး ပုတ်ထုတ်လိုက်နိုင်တာကို သိလိုက်ရလို့ သူပိုသတိထားတော့မှာ ဖြစ်၏။

အညိုရောင်ဝတ်လူနှင့် ယွီချီးစီတို့သည် ကျယ်ဝန်းသော လမ်းမအလယ်တွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ အညိုရောင်ဝတ်လူမှာ ရုတ်တရက် ဖျက်ကနဲ ပျောက်သွား၏။

သူက ယွီချီးစီခေါင်းပေါ်မှာ ပေါ်လာပြီး ခြေထောက်ဖြင့် လွှဲကန်လိုက်သည်။

"ဖေဖေကြီး သတိထား!!"

ရွှမ်းရွှမ်းရဲ့ အော်သံအဆုံးတွင် ယွီချီးစီ လက်ဆန့်၍ အညိုရောင်ဝတ်လူ၏ ခြေထောက်ကို ဖမ်းဆုပ်ထားလိုက်သည်။ အညိုရောင်ဝတ်လူ တစ်ဖန် မျက်နှာပျက်သွား၏။ သူက ယွီချီးစီလက်ထဲကနေ ခုန်ထွက်ဖို့ ပြင်ပေမယ့် အချိန်မမှီလိုက်ဘဲ ယွီချီးစီရဲ့ လွှဲယမ်းခြင်းသာ ခံလိုက်ရသည်။

Until Death (OC) Complete Where stories live. Discover now