❄Part (28)❄နတ်ဆိုးမျိုးနွယ်ရဲ့အယူအဆ

1K 124 0
                                    

Until death

                         ❄28❄
           [နတ်ဆိုးမျိုးနွယ်ရဲ့အယူအဆ]

"ရှစ်ဇွင်း ပါးစပ်ဖွင့်ပေးပါ"

"ငါ ငါ....."

        နှုတ်ခမ်းလေး ဟစိဟစိဖြစ်နေတဲ့ အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ချီးစီ အောက်ပြန်ငုံ့လာပြီး ရွှမ်းယင်နှုတ်ခမ်းအတွင်းထဲထိ သူ့လျှာကို ထိုးသွင်းလိုက်သည်။ ရုတ်တရက် ဝင်ရောက်လာတဲ့ အရာကြောင့် ရွှမ်းယင် ခန္ဓာကိုယ်က တုန်သွားသည်။

        ချီးစီ လက်နှစ်ဖက်ကို ပိုတင်းကျပ်ကာ ဖက်ထားလိုက်ပြီး ရွှမ်းယင်ထပ်ရုန်းလို့မရအောင် ချုပ်ထားလိုက်သည်။ ချီးစီသည် နှုတ်ခမ်းအတွင်းထဲက နေရာလပ်မကျန်ကို လျှောက်သွားကာ သိမ်းပိုက်ပစ်သည်။

        ရွှမ်းယင်ရဲ့ နှုတ်ခမ်းတစ်ခုလုံး သူ့အပိုင်ဖြစ်သွားတဲ့အထိ နမ်းရှိုက်နေ၏။ တစ်ကြိမ်တခါမှ နမ်းရှိုက်ခြင်းကို မပြုလုပ်ဖူးသော ရွှမ်းယင်အတွက်ကတော့ အထိအတွေ့တွေ အားလုံးက အစိမ်းသက်သက်ပင်။

         သူ့ခံတွင်းထဲ ချီးစီရဲ့မူပိုင် အနမ်းတွေ ပျံ့နှံ့နေပြီ။ သူ့မှာရုန်းဖို့ အင်အားမရှိတော့သလို ရုန်းဖို့ဆန္ဒလည်း မရှိတော့ပေ။ ချီးစီ၏ ကျွမ်းကျွင်သော အနမ်းတွေကြောင့် ရွှမ်းယင် မှိန်မောကာလိုက်ပါသွားရင်း တဖြည်းဖြည်း အသက်ရှူကျပ်လာသည်။

"အွင်း..... အင့် ချီးစီ"

         သူချီးစီကို တွန်းထုတ်လိုက်တော့သည်။ နှုတ်ခမ်းနှစ်ခု ဝေးကွာသွားတဲ့အခါ ရွှမ်းယင် မောဟိုက်နေတာကို တွေ့ရလေ၏။ ချီးစီကတော့ နည်းနည်းလေးတောင် မောနေပုံမပေါ်ပေ။ ရွှန်းလဲ့သော မျက်လုံးတွေက တစ်ယောက်ကိုတစ်ယောက် ဖောက်ထွက်မတတ် စူးစိုက်ကြည့်နေကြသည်။

        ချီးစီ ငုံ့ကိုင်း၍ ဝင်းမွတ်သော လည်တိုင်လေးကို နမ်းရှိုက်ဖို့အတွက် ရည်ရွယ်လိုက်တဲ့အခါ ဘာကြောင့်ရယ်မသိ ရွှမ်းယင်ကြောက်ရွံ့လာပြီး ချီးစီကို ပြန်တွန်းလွှတ်လိုက်သည်။

"ချီးစီ မလုပ်နဲ့..."

        ချီးစီလည်း ရပ်သွား၏။ သူကြည့်လိုက်တော့ ရွှမ်းယင်က လေကိုအငမ်းမရ ရှူရှိုက်နေရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေတာကို တွေ့ရလေသည်။ တစ်ခုခုကို ကြောက်ရွံ့နေသလိုမျိုး လက်ချောင်းတွေကလည်း မငြိမ်သက်တော့ဘဲ ချီးစီရဲ့လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာသည်။

Until Death (OC) Complete Where stories live. Discover now