❄Part (27)❄သဘောကျနှစ်ခြိုက်ခြင်း

1K 121 5
                                    

Until death

                       ❄27❄
          [သဘောကျနှစ်ခြိုက်ခြင်း]

"ချစ်စရာလေး....."

        ရွှမ်းယင်ရဲ့အသံက ရယ်သံများ စွတ်ပျံ့လျက်။ ချစ်စရာ ကြောင်လေးကြောင့် သူစိတ်ကြည်သွားတယ်ဆိုတာ သိသာပေ၏။ ရွှမ်းယင် ကြောင်လေးအား လက်မောင်းထဲ ပွေ့ချီလိုက်သည်။

        ကြောင်လေးသည်လည်း ရွှမ်းယင်ဆီက သန့်စင်တဲ့ ဝိညာဥ်စွမ်းအင်ကို ခံစားမိတာကြောင့် ရွှမ်းယင်လက်မောင်းကို ပွတ်သပ်နေလေ၏။

"သူလည်း မင်းကို သဘောကျနေပုံပဲ.... အဲ့ဒီနေရာမှာ သူက တစ်ကောင်တည်းရှိတဲ့ ကြောင်လေး.... အထီးကျန်နေမှာလေ အဲ့တာကြောင့် ငါမင်းအတွက် ယူလာပေး​တာ.... ဘယ်လိုလဲ မင်းသဘောကျလား?"

"အင်း..... ကျေးဇူးတင်ပါတယ် သူကချစ်ဖို့ကောင်းတယ်"

"မင်းသဘောကျတယ်ဆိုမှတော့ ငါလည်း ဝမ်းသာပါတယ် .... ငါ ငါမင်းဆီက တစ်ခုတောင်းဆိုချင်တယ်"

        ထိုစဥ် အပြင်ဘက်တွင် ချီးစီက တံခါးခေါက်ရန် ပြင်နေချိန်ဖြစ်သည်။ အထဲတွင် နွေးထွေးသော လေထုတစ်ခု ရှိနေတယ်လို့ ခံစားမိတာကြောင့် သူတစ်လှမ်းနှစ်လှမ်း နောက်ဆုတ်သွားပြီးတော့ အသံကူးပြောင်း ခေါင်းလောင်းကနေတစ်ဆင့် နားထောင်ရန် ကြံစည်လိုက်သည်။

"ပြောလေ"

         ရွှမ်းယင်က ရွှေရောင်ကြောင်လေးကို အပွတ်သပ်မပြတ်ပေ။

"ငါမင်းကို ပိုးပန်းချင်တယ်"

         ရွှမ်းယင် ဆွံအသွားသည်။ အပြင်ဘက်က ချီးစီလည်း လန့်သွားလေ၏။ စုန့်ရှုန်းက ဒီလောက်အထိ ပွင့်ပွင့်လင်းလင်း ပြောချလိုက်လိမ့်မယ်လို့ မထင်ထားပေ။ ရွှမ်းယင် ကြောင်လေးအား ပွတ်သပ်နေတာပင် ရပ်သွားသည်။

        သူက စုန့်ရှုန်းကို တအံ့တသြ မော့ကြည့်လိုက်သည်။ စုန့်ရှုန်းက သူပြောနေတာတွေက အလိမ်အညာတွေ မဟုတ်ဘူးဆိုတာကို မျက်လုံးတွေကနေတစ်ဆင့် သက်သေပြနေသည်။ ဒီမေးခွန်းက နည်းနည်းတော့ ကြောင်တောင်တောင် နိုင်ပေမယ့် ချစ်တတ်တဲ့သူ အတွက်တော့ မတူပေ။

Until Death (OC) Complete Where stories live. Discover now