❄Part (17)❄သူငယ်ချင်းဧည့်သည်

969 123 0
                                    

Until death

                      ❄17❄
           [သူငယ်ချင်းဧည့်သည်]

       ရွှမ်းယင်က ဖိတ်စာပေါ်မှာ စာရေးပြီးနောက်တွင် ချီးစီဘက်ကို ပြန်တွန်းပို့လိုက်သည်။

"သေချာပြင်ဆင်ထား.... ဒီဖိတ်စာကို ပြိုင်ပွဲခုံရုံးကို ပြန်ပို့လိုက်"

"ဟုတ်ကဲ့.... ရှစ်ဇွင်း ဘာစားချင်လဲ ကျွန်တော် တစ်ခုခုဝယ်ခဲ့ပေးမယ်လေ"

        ရွှမ်းယင် ခေါင်းခါလိုက်သည်။ ရွှမ်းယင်က စကားပြောချင်ပုံ သိပ်မရှိပေ။ စောစောက သူရှောင်လိုက်တဲ့ ကိစ္စကြောင့်လား မသိသော်လည်း ချီးစီလည်း မတတ်နိုင်ပေ။ သူက ဖိတ်စာယူပြီးတော့ ထွက်သွားလေ၏။

       ချီးစီထွက်သွားတော့ စုန့်ရှုန်း ရောက်လာသည်။ ရွှမ်းယင် အသံလွှတ်၍ ခေါ်လိုက်တာ ဖြစ်လေ၏။ စုန့်ရှုန်း ဒီတစ်ခါတော့ ဝံ့ဝံ့ကြွားကြွားနဲ့ ခါးကြားက ယပ်တောင်ကိုပင် ထုတ်မခတ်နိုင်တော့ဘဲ စာလိပ်တစ်လိပ်ကိုကိုင်လျက် နန်းဆောင်ထဲ အမြန်ဝင်လာသည်။

        ရွှမ်းယင်ရဲ့ လက်ဖက်ရည် စားပွဲဘေးတွင် ပြတင်းပေါက် တစ်ပေါက်ရှိသည်။ ထိုပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ရင် ကျင်းစွေတောင် တောင်ထိပ်က ဆုတောင်းသစ်ပင် တစ်ပင်ကို တွေ့ရ၏။ ရွှမ်းယင်ကိုယ်တိုင် ထိုသစ်ပင်ကနေ မွေးဖွားလာခဲ့တာ ဖြစ်လေသည်။

"ရွှမ်းယင်....."

         စုန့်ရှုန်း သူထိုင်ပြီးတဲ့အထိ ရွှမ်းယင်က လှည့်မကြည့်လာတာကြောင့် သူခေါ်လိုက်လေသည်။

"မင်းအဆင်ပြေလား?"

"ဟိုးက အပြာရောင်သစ်ပင်ကြီးကို တွေ့လား?"

"အင်း ဘာဖြစ်လို့လဲ? မင်းနဲ့ငါအရင်တုန်းက အဲ့သစ်ပင်အောင်မှာ စစ်တုရင်းကစားခဲ့ကြသေးတယ်လေ ငါမှတ်မိတယ်"

        ရွှမ်းယင် လက်ဝေ့ရမ်းလိုက်တဲ့ အခါမှာတော့ သူကောစုန့်ရှုန်းကော ထိုင်နေရာမှ ပျောက်သွားပြီး ဆုတောင်းသစ်ပင်အနားတွင် ပေါ်လာ၏။ ဆုတောင်းသစ်ပင်သည် ကျင်းစွေတောင်ထဲရှိ ထိပ်ဆုံးသော တောင်တန်းပေါ်တွင်ရှိပြီး ဝိညာဥ်စွမ်းအား အရမ်းမြင့်သည်။

Until Death (OC) Complete Where stories live. Discover now