❄Part (71)❄ကျင်းစွေတောင်အောက်ကလိုဏ်ခေါင်း

844 97 0
                                    

Until Death

❄ 71❄
[ကျင်းစွေတောင်အောက်ကလိုဏ်ခေါင်း]

နားရွက် အလိမ်ခံလိုက်ရသောအခါ ယွီချီးစီလည်း ကြောင်တောင်တောင် ဖြစ်သွားသည်။ နောက်ပြီးမှ နာကျင်မှုက တဖြည်းဖြည်း သိသာလာရာ ယွီချီးစီရဲ့ ဒေါသထွက်နေတဲ့ မျက်နှာလေးက တဖြည်းဖြည်းချင်း မဲ့ရှုံ့လာ၏။

"နာတယ် အချစ်"

"ဘာအခုမှ အချစ်လာလုပ်နေတာလဲ? မင်းစောစောက ငါ့ကိုအော်လိုက်တာ မဟုတ်ဘူးလား? ငါမကြိုက်ဘူး ငါ့ကိုမအော်နဲ့ နားလည်လား?"

"ဟုတ် ဟုတ် "

"ဟွန့်!"

နားရွက်ရှည်လေးကို စိတ်ကျေနပ်တဲ့အထိ အားရပါးရ လိမ်ဆွဲပြီးတော့မှ လွှတ်ပေးလိုက်၏။

"ပန်းနီကို စိုက်တဲ့သူက သူ့ရဲ့သွေးကိုပဲ သုံးရတယ်.... သွေးဆုံးရှုံးဖူးတဲ့သူက နှစ်၁၀၀အတွင်း ဒဏ်ရာလုံးဝ ပြောင်းကင်းမှာ မဟုတ်ပါဘူး.... နတ်ဘုရားချုပ်က ပန်းနီစိုက်တဲ့သူ မဟုတ်ဘူး.... အဲဒါ​ကြောင့် အနီရောင် အစီအရင်ကလည်း သူလုပ်တာမဟုတ်ဘူး.... တခြားနတ်ဘုရားပဲ"

"တောင်ကြားမှာ တိုက်ခိုက်တုန်းက ထွက်လာတဲ့တစ်ယောက်လား? "

"ငါရိုက်လိုက်လို့ သတိလစ်သွားတဲ့သူ"

"ဟုတ်တယ်"

ယွီချီးစီ ရွှမ်းယင်ရှေ့တွင် ရပ်လိုက်သည်။

"သူပဲဖြစ်မယ်.... သူကဘယ်သူလဲ? ကျွန်တော်သူ့ဆီ သွားစစ်ဆေးကြည့်လိုက်မယ် သူတကယ်ပဲ ဘာတွေကြံစည်နေတာလဲ? ပြီးတော့ အနက်ရောင်အင်းကွက်.... အင်းကွက်ကမပြည့်စုံတော့ အစီအရင် စက်ကွင်းတစ်ခု ဖြစ်မလာသေးဘူး"

ရွှမ်းယင် ခေါင်းညိတ်လိုက်သည်။

"အွန်း.... ဒါပေမဲ့ မင်းမသွားနဲ့ တစ်ယောက်ယောက်က ကျင်းစွေတောင်ထဲကို ခိုးဝင်ဖို့ လုပ်နေတယ်"

"ဘယ်သူလဲ?"

"မသိဘူး.... ဟုန်ရိ ကျင့်ကြံနေတဲ့ အခန်းက ရုတ်တရက်ကြီး တုန်သွားတယ်တဲ့... တစ်ယောက်ယောက်က မြေအောက်ထဲကနေ လမ်းဖောက်နေပုံပဲ.... ငါတို့အခုတော့ အဲဒီသူကို အရင်ဖမ်းရအောင်"

Until Death (OC) Complete Where stories live. Discover now