EPISODE 1

27K 661 5
                                    

Unicode

"တီ"

အသံထွက်ပေါ်လာပြီးနောက် အခန်းLock၏ မီးလေးစိမ်းသွားသည်။သော့ကတ်အား ပြန်ထုတ်လိုက်ကာ အခန်းတံခါးကို ဖွင့်လိုက်၏။လိုအပ်သည့် တံမြတ်စည်းနှင့် ရေပုံးကို ကိုင်ဆွဲကာ အခန်းထဲသို့ ဝင်သွားသည့် မိန်းကလေးတစ်ဦး။

အဖြူရောင်အများဆုံးသုံးထားသော ဟိုတယ်ခန်းအတွင်း အဖြူရောင်ဝမ်းဆက်ဖြင့် သန့်ရှင်းရေးတာဝန်ယူရသည့် ကောင်မလေးမှာ ယိုယွင်းနေသည့် နေရာများကို ပြင်ဆင်ရန် တစ်နေရာထဲ၌ ရပ်၍ ကျွမ်းကျင်စွာ တစ်ခန်းလုံးကို​ ခြုံကြည့်လိုက်သည်။

ဧည့်ခန်းအတွင်း၌ ယိုယွင်းသည်မဆိုထား ပစ္စည်းတစ်ခုမှတောင် ရွေ့ထားပုံမရချေ။တစ်ညတည်းခိုသွားသော ခရီးသည်သည် ဤအခန်းအားအိပ်စက်ရန်သပ်သပ်သာ အသုံးပြုခဲ့ပုံရသည်။

အရာအားလုံး ပုံမှန်ဖြစ်နေမှုကြောင့် စိတ်ကျေနပ်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး အိပ်ခန်းရှိသည့် အကန့်သို့ ဝင်လိုက်သည်။

ခြေလှမ်းလိုက်စဉ်မှာပင် သူမမျက်စိရှေ့၌ အနက်ရောင်ဘောင်းဘီရှည်တစ်ထည်က ခွေခေါက်စွာ တွေ့သည်။

#ဧည့်သည်တွေများ ကျန်ခဲ့တာလား။

သူမ စဉ်းစားရင်း ကြမ်းပြင်ကို သေချာကြည့်မိသည်။

သူမခြေချထားသော ကြမ်းပြင်တွင် ပစ်စလတ်ခတ် ချွတ်ထားသော အကျီများ၊ဘောင်းဘီများအပြင် အတွင်းခံဘောင်းဘီ!!!

"အွင်း..."

ညီးညူသံလာရာ ကုတင်ပေါ်သို့ ကြည့်မိတော့

စောင်ခြုံထားသော ယောက်ျားသားနှစ်ယောက်သည် သူမ မြင်နေရသော ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အဝတ်မပါဘဲ တစ်ကုတင်ထဲတွင် အိပ်စက်နေကြသည်။

အပျိုဖြန်းလေးဖြစ်သော သန့်ရှင်းရေးကောင်မလေးမှာလည်း ကြောက်လန့်တကြားဖြင့်

"အား...."

သူမ၏ အော်သံကြောင့် ကုတင်ပေါ်မှ လူနှစ်ယောက်နိုးလာကြပြီး အိပ်မှုန်စုံမွှားဖြင့် ပတ်ဝန်းကျင်သို့ တစ်ချက်ကြည့်လိုက်ပြီး သူတို့ချင်း ပြန်ကြည့်မိသောအခါ

Char TateWhere stories live. Discover now