EPISODE 26

4.1K 239 22
                                    

Unicode

"အစ်ကိုလေးကို ညနေစာ စားဖို့ သွားခေါ်ပေးရမလား Boss "

"ရတယ် ငါပဲ သွားခေါ်လိုက်မယ် ငါပြောတဲ့ ဟင်းပွဲတွေ သေချာမှာထားလိုက်"

ဟိုတယ်၏ စားသောက်ဆိုင်တွင် ညစာစားရန် ဟင်းပွဲများကို မှာပြီးနောက် ကမ္ဘာစိုးမိုးသည် ရတုလက်ာအား ခေါ်ရန်ထွက်လာခဲ့သည်။

အချိန်အားဖြင့် ညနေ ငါးနာရီ။
ညစာစားဖို့ နည်းနည်းစောသေးပေမယ့် ပင်လယ်စာဆိုလျှင် အလွန်ကြိုက်ပြီး အများအပြားစားတတ်သော ရတုလက်ာ၏ အကျင့်ကြောင့် အစာမကြေဖြစ်မည်စိုး၍ စောစောစားချင်ပင်။

ဒီကောင်လေးက ငယ်သေးတာမို့ ကျန်းမာရေးဆို လုံးဝဂရုမစိုက်။အသက်ကြီးမှ ဂရုစိုက်လျှင် နောက်ကျသွားလိမ့်မည်။

အခန်းသို့ သွားကြည့်တော့မရှိ သော့ခတ်ထားသည်။

ဒီကောင်လေး လျှောက်သွားနေပြန်ပြီ။

စိတ်ဆိုးတာတော့ မဟုတ် စိတ်ပူခြင်းပင်။

အယုံလွယ်ပြီး အစွဲအလမ်းကြီးသည့် ကောင်လေးမဟုတ်ပါလား။

ကမ်းခြေဘက်သို့ ထွက်လာကာ ရေများကစားနေလားအထင်​ဖြင့် ရှာဖွေလိုက်သည်။

တွေ့ပါပြီ။ပိုက်ကျော်ခြင်း ဆော့နေလေရဲ့။

အငြိမ်ကို တစက်မှမနေ။ချာတိတ်ရဲ့ လူငယ်ဘဝက ပျော်ဖို့ကောင်းလှသည်။

အပေါ်အကျီမပါဘဲ ဒူးအထက်သာ ရှိသော ဘောင်းဘီတိုလေးဖြင့် ပြုံးရယ်နေပြန်သည်။

ပုဇွန်ဆီရောင် သမ်းသော နေရောင်အောက်၌ ကိုယ်အ​ပေါ်ပိုင်း၏တစ်ခြမ်းမှာ တက်တူးတို့ဖြင့် ပြည့်နေသည့် လူချောလေးတစ်ယောက်က ပျော်ရွှင်စွာ ဆော့ကစားနေသော မြင်ကွင်းမှာ လူတိုင်းကို ငေးကြည့်စေသည်။

ကမ္ဘာစိုးမိုးအတွက်တော့ အသက်ရူမှားလောက်အောင်ပါပင်။

"မိန်းမရေ ယောက်ျားဆီကို ပေး"

ထွက်ပေါ်လာသည့်အသံကြောင့် ကမ္ဘာစိုးမိုးမှာ ရတုလက်ာ ဘောလုံးပေးလိုက်သည့် လူဆီသို့ ကြည့်လိုက်မိသည်။

Char TateWhere stories live. Discover now