EPISODE 62

3.9K 165 10
                                    

Unicode

အစည်းအဝေးခန်းထဲမှ ထွက်ထွက်ချင်းပင် အတွင်းရေးမှူးမှ အနားနားကပ်ကာ တိုးတိုးလာပြောသည့် သတင်းကြောင့် ရတုလက်ာ ပင်ပန်းထားသမျှ အမောပြေသွားသည်။အစည်းအဝေးခန်းထဲ၌ ရှယ်ယာရှင်များနှင့် ပါးစပ်အမြှုပ်ထွက်မတတ် အခြေအတင်ဆွေးနွေးပြီးနောက်မှာ ဦးကမ္ဘာဆီ ဖုန်းလေးတစ်ချက်လောက် ဆက်ဦးမှပါဟု တွေးနေရင်းမှပင် ဦးကမ္ဘာက ကုမ္ပဏီကို လိုက်လာတယ်တဲ့လေ။

ဘယ်လောက် အလိုက်သိတတ်လိုက်သလဲ ချစ်ဖို့ကောင်းလိုက်တာ...

"ဦးကမ္ဘာ..."

အခန်းဝင်ဝင်ချင်း အော်ခေါ်လိုက်တာကြောင့် အထဲက Maskအမည်းတပ်ထားသည့်လူမှာ သူ၏လက်ညိုးအား နှုတ်ခမ်းနား ကပ်ပြီး တိုးတိုးနေရန်ပြောသည်။ထို့ပြင် တဆက်တည်း လက်သီးဆုပ်လေးကိုပါ လေထဲသို့ ပစ်လွှတ်လိုက်သေးသည်။

ထိုအခါမှ ရတုလက်ာ သဘောပေါက်သွားကာ အခန်းတံခါးအား သေချာလော့ချပြီးနောက် ဦးကမ္ဘာထိုင်နေသည့် ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။

ကမ္ဘာစိုးမိုးက Maskအား ချွတ်လိုက်ကာ

"ချာတိတ် မင်းကိုတော့ လုပ်မိတော့မယ် ငါက သေလူဆိုတာကို မမေ့ပါနဲ့ဆို မင်းခေါ်တာ တစ်ယောက်ယောက်ကြားသွားပြီး အဘွားသိသွားရင် ဘယ်လိုလုပ်မလဲ"

"ကျနော်ကတော့ ဂရုမစိုက်ပါဘူး သူဘာလိုချင်လဲ ကျနော်အကုန်ပေးလိုက်မယ် ခင်ဗျားက လွဲလို့"

"မင်းနော် အတတ်လေး"

ကမ္ဘာစိုးမိုးက ရတုလက်ာ၏ ခေါင်းလေးအား ထိုးဖွလိုက်သည်။ထိုခွေးပေါက်လေးက အလိုက်သင့်လေး ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

အရင်ကထက်တောင် ပိုချွဲတတ်လာသည့် လူဆိုးကောင်လေး။

"လွမ်းနေတာ ကျနော်က"

"ပိုပြန်ပြီ မင်းနဲ့နောက်ဆုံးတွေ့ခဲ့​တာ လွန်ခဲ့တဲ့ ​လေးနာရီကလေ"

"လေးနာရီကြီးများတောင်လေ"

ဖက်ထားရာမှ ခွာကာ နှုတ်ခမ်းကြီးတစ်တောင်လောက် ဆူလျက် စိတ်ကောက်နေသေးသည်။

Char TateWhere stories live. Discover now