EPISODE 53

3.3K 172 11
                                    

Unicode

ကျန်နေသေးသည့် မျက်ရည်စတို့အား တစ်ရူးဖြင့် သုတ်နေရင်းမှ ကလေးများအလယ်တွင်ထိုင်ကာ ကလေးများနှင့် ရောပြီး ဆော့နေသော ထိုလူကြီးအား ရတုလက်ာကြည့်နေသည်။

အခုမြင်နေရသည့် ကမ်ဘာစိုးမိုးက သူသိခဲ့သည့်ကမ်ဘာစိုးမိုးနှင့် လုံးဝမတူ။
စိတ်လည်းရှည်ပြီး တစ်ချိန်လုံးပြုံးနေကာ လူတိုင်းနှင့်လည်း လိုက်လျောညီထွေနေသည်။

ယခုလည်း ကြမ်းပြင်ပေါ်တွင် ​တမ္ပလင်ခွေထိုင်ပြီး ကလေးများအား ပုံပြင်ပြောပြနေပြန်သည်။ကလေးအုပ်စုက ကမ်ဘာစိုးမိုးပေါ်အုပ်စုလိုက်ခုန်တက်လိုက်တာကြောင့် အကုန်လုံး နောက်လှန်ကျသွားကာ လဲသွားတော့သည်။

ရတုလက်ာ စိတ်ပူသွားပြီး ထိုနေရာသို့ အမြန်သွားကာ

"ဖြည်းဖြည်းဆော့ကြလေ ထိခိုက်ကုန်လိမ့်မယ်"

ရတုလက်ာ၏ အသံမှာ မာထန်နေသောကြောင့် ကလေးအုပ်စုက ကမ်ဘာစိုးမိုးနား ပိုကပ်သွားကာ ငိုတော့မည့်မျက်လုံးများဖြင့် ရတုလက်ာအား ကြည့်နေကြသည်။

ကမ်ဘာစိုးမိုးကတော့ အပြုံးမပျက်ဘဲ ကလေးများ၏ ခေါင်းလေးများကို လိုက်ပွတ်သပ်နေသည်။

ပိုက်ဆံမပေးရတိုင်း တစ်ချိန်လုံး ပြုံးနေတယ်...တော်ပြီ နောက်တစ်ခါ ဒီမလာတော့ဘူး...

ရတုလက်ာ တွေးမိလိုက်သည်။သူပြုံးရင် ကြည့်လို့ကောင်းပါတယ်ဆိုမှ လူတကာကို လိုက်ပြုံးပြနေသည်။

"ချာတိတ်ရယ် လေသံကို လျှော့လေ ကလေးတွေက အသည်းနုတယ်"

ရတုလက်ာလည်း မျက်နှာချင်းဆိုင်တွင် ကမ်ဘာစိုးမိုးနည်းတူ ထိုင်လိုက်ကာ

"ကျနော်က ထိခိုက်ကုန်မှာစိုးလို့လေသူတို့က ခင်ဗျားအပေါ်ခုန်တက်လိုက်တာ"

"ကလေးပဲကွာ ချာတိတ်ကလည်း"

"တစ်ယောက်နှစ်ယောက်ဆို မပြောပါဘူး"

ကလေးများမှာ ဟိုဘက်လိုက်ကြည့် ဒီဘက်လိုက်ကြည့်ဖြင့် မျက်စိသူငယ်နားသူငယ်လေးတွေဖြစ်နေကြသည်။

ဆယ်ယောက်နီးနီး ခုန်တက်ခံရတာ သာမာန်လူတစ်ယောက်က ဘယ်လိုအဆင်ပြေပါ့မလဲ။

Char TateWhere stories live. Discover now