EPISODE 45

3.7K 175 12
                                    

Unicode

"သဘက်ခါအတွက် အရေးကြီးအလုပ်တွေ ရှင်းထားပေး။မရရင် ဒီနေ့ပဲ ကိုယ်အပြီးလုပ်သွားမယ်။အဲ့နေ့ မအားလို့"

အတွင်းရေးမှူးမှာ ကမ်ဘာစိုးမိုး၏ စကားကြောင့် မျက်လုံးပြူးသွားသည်။

အလုပ်ကို ပျက်ရက်မရှိ ပိတ်ရက်တောင် အလုပ်ဆင်းချင်သည့် Bossက ဟိုတလောကလည်း တစ်ရက်ခွင့်ယူသည်။အခုလည်း ထပ်ခွင့်ယူပြန်သည်။

"ကျနော် ရှင်းပေးထားပါ့မယ် Boss"

"ဪ ပြီးတော့ သဘက်ခါ ပင်လယ်စာ setတစ်ခုလောက် မှာပြီး ကိုယ့်အိမ်ပို့ပေးပါ ရေဘဝဲနဲ့ ပုဇွန်ကို ပိုထည့်ခိုင်းလိုက်"

"ဟုတ်"

"အာ...ထားလိုက်တော့ ကိုယ်တိုင်ပဲ မှာလိုက်မယ် မှားနေမှာစိုးလို့"

ပြောပြီး အလုပ်ဆက်လုပ်နေသည့် ကမ်ဘာစိုးမိုးကြောင့် အတွင်းရေးမှူးမှာ ကြောင်တောင်တောင်လေး ဘာလုပ်ရမှန်းမသိတော့။

ခဏနေတဲ့အထိ အလုပ်ထဲခေါင်းစိုက်နေသော သူဌေးဖြစ်သူကြောင့် အရိုအသေပေးကာ ထွက်ခဲ့သည်။

"ဘာပါလိမ့် Bossက ဘာလုပ်ဖို့ ခွင့်ယူချင်တာလဲ Bossအကြောင်းတွေ ငါအကုန်သိပါတယ် Bossအချိန်စာရင်းတွေကို စစ်ကြည့်ရမယ်"

ဒါမျိုးမှ မစပ်စုတတ်ရင် စသုံးလုံးဆိုပြီး အတင်းပြောတာတွေကို ငြိမ်ခံမနေဘူး ဘာမှတ် ငါ့ကိုများ။

အတွင်းရေးမှူးမှာ ကွန်ပျူတာအား ဖွင့်ပြီး ကမ်ဘာစိုးမိုးမှတ်ခိုင်းတတ်သည့် နေ့စွဲများကို ရှာလိုက်သည်။

"အရင်ဆုံး Bossအဖွားနဲ့ ပတ်သတ်တာတွေ ရှာရမယ်။မွေးနေ့များလား မှန်းစမ်း"

ဒီလထဲမှာ Bossအဖွားနဲ့ ပတ်သတ်တာမျိုး မရှိတာကြောင့် Bossနဲ့ပတ်သတ်တာလိုက်ရှာသည်။ဒါလည်း မဟုတ်သေးဘူး။

နောက်ဆုံးကျန်တာ အစ်ကိုလေးပဲ။

အစ်ကိုလေးနဲ့ ပတ်သတ်တဲ့ ကိစ္စတော်တော်များများကို သူက မှတ်ပေးရတာများသည်။အနားနီးရင် သတိပေးရသည်။Bossက မေ့နေမှာစိုးလို့တဲ့လေ။

မွေးနေ့ ၊ နှစ်ပတ်လည် စသည်ဖြင့် အစ်ကိုလေး ကြိုက်သည့်အစားအစာ၊ အရောင်၊ အဝတ်အစားက အစ ကြိုက်တယ်ဆိုအကုန်မှတ်တဲ့။

Char TateWhere stories live. Discover now