EPISODE 9

5K 268 3
                                    

Unicode

မှန်ထဲက ကိုယ့်ပုံစံ ကိုယ်ပြန်ကြည့်ကာ ရတုလင်္ကာ စိတ်ပျက်နေပြီ။

နားရှိ နားကွင်းအားလုံးကို ချွတ်ထားရသောကြောင့် နားရွက်ကားကားလေးမှာ ထင်းနေခဲ့သလို လက်ပတ်များကိုလည်း ဝတ်ဆင်ခွင့်မရတာကြောင့် တက်တူးများမှာလည်း ပေါ်လွင်နေသည်။

အပြာရောင်တီရှပ်ဖြစ်သည့် ဝန်ထမ်းအင်္ကျီနဲ့ ဂျင်းပန်အမည်းအား တွဲဖက်ဝတ်ဆင်ကာ သူကြိုက်သည့် ခပ်မိုက်မိုက်အဝတ်အစားများကို ဝတ်ခွင့်မရခဲ့ချေ။

"အစ်ကိုလေး အလုပ်ချိန်က ကိုးနာရီစမှာနော် ဟို..."

"မရှည်နဲ့ ငါသိတယ်"

"ဟုတ်...ဟုတ်"

ဘေစင်မှာ ရေကိုလက်ဖြင့်ခံကာ မျက်နှာသစ်လိုက်ပြီးနောက် သေခါနီးအဘိုးကြီး၏ အတင်းအကျပ်စေခိုင်းသော အလုပ်အား လုပ်ရဦးမည်။

တကယ်ပါပဲ တပတ်ငါးရက်တဲ့ ငါ့အလုပ်တွေကျတော့ ဘယ်အချိန်သွားလုပ်ရတော့မှာလဲ။

အတွင်းရေးမှူးခေါ်ဆောင်ရာသို့ လိုက်သွားပြီးနောက်

"ဒါ အစ်ကိုလေး လုပ်ရမယ့် အတန်းပါ မသိတာရှိရင် တခြားလူတွေကို မေးလို့ရပါတယ်။အစ်ကိုလေးတာဝန်က ရပ်ပြီး ကြိုဆိုပေးနေဖို့ပါ"

"နေပါဦး ငါက ငါးနာရီလုံး ရပ်နေရမှာတော့ မဟုတ်ပါဘူးနော်"

"အမ်...ဟို...အစ်ကိုလေးပဲ ပစ္စည်းမရောင်းချင်ဘူးဆို အဲ့တာကြောင့် ကြိုဆိုတဲ့နေရာမှာ ထားပေးတာလေ ဒါတောင် အချိန်လျှော့ပေးထားတာ တချို့ဆို အလုပ်ချိန် အပြည့်..."

"တော်တော့ ငါလုပ်မိတော့မယ်"

ရတုလင်္ကာ လက်ရွယ်ပြီးမှ စိတ်ကို ပြန်ထိန်းထားရသည်။အခုအချိန်၌ သူ့ဘက်တွင် ဘာမှမရှိ။မနေ့ညက မိဘတွေဆီ ဖုန်းဆက်ပြောတော့လည်း အဆူခံရတာပဲ အဖတ်တင်သည်။ငါ့သမက်လေး ဆိုတာကြီးပဲ ပါးစပ်က မချကြဘူး။
သူတို့သားက ကိုယ်လား ဟိုဘိုးတော်လား မသိဘူး။

လောလောဆယ်တော့ သူ့မှာ ဘာမှမလုပ်ရဘဲ ကျောက်ရုပ်ကြီးလို မတ်တပ်ရပ်နေရသည်။အရောင်းဝန်ထမ်းဟု ထင်ရသော သူနှင့်ဆင်တူသည့် အင်္ကျီဝတ်ထားသော မိန်းကလေးတချို့လည်းရှိသည်။အရင်လို ခပ်လန်းလန်းလေးမြင်တာနဲ့ အပြုံးလေးဖြင့် အထာပေးနေကျ ရတုလင်္ကာမှာ အခုချိန်တွင်တော့ ပြုံးချင်စိတ်မရှိသည့်အပြင် လူသတ်ချင်စိတ်ပါ ပေါက်နေတော့သည်။

Char TateWhere stories live. Discover now