EPISODE 37

3.9K 221 5
                                    

Zawgyi

"ဦးကမ္ဘာ ခင်ဗျားလက်ရာက တစ်နေ့ထက်တစ်နေ့ ပိုကောင်းတယ်သလား"

နွားနို့နှင့် ပေါင်မုန့်မီးကင်ကို တို့စားရင်း ချီးကျူးနေသည့် ရတုလက်ာအား ကမ္ဘာစိုးမိုးတစ်ချက်ကြည့်လိုက်ပြီး မနက်စာဆက်စားနေလိုက်သည်။

စကားမရှိ စကားလာပြောနေတာ သိသားပဲ။နောက်တစ်ပတ်လောက်ထိကို အဖတ်မလုပ်ပဲ ထားဦးမှာ။

ဒါ ကတိမတည်တဲ့ လူအတွက် အပြစ်ဒဏ်ပဲ။လျှော့ပေါ့ထားတယ်တောင် ပြောလို့ရတယ်။

ပထမဆုံးနေ့မှာပင် စကားပြန်ပြောမိတော့မလို့။

အကယ်၍ စကားပြန်ပြောဖြစ်လျှင် ပထမဆုံးမေးမိမှာက ထိုနေ့က ဘာကြောင့်ငိုနေခဲ့သလဲဆိုတာကိုပင်။

မနက်စာကို ခပ်သွက်သွက်စားပြီး ပန်းကန်ဆေးရန် ဘေစင်ဆီသို့ သွားသည်။

ပန်းကန်ဆေးပြီးနောက် ပြန်လှည့်ကြည့်တော့ ရတုလက်ာမရှိတော့ပေ။

ထို့ကြောင့် ကမ္ဘာစိုးမိုးလည်း လက်ဆွဲအိတ်အားပြင်ပြီး အလုပ်သို့ သွားဖို့ပြင်လိုက်သည်။

~•~•~•~•~•~•~•~•~•~•~• Char Tate •~•~•~•~•~•~•~•~•~•~•~

ဝတ်စုံကို ဝတ်ပြီးနောက် ရတုလက်ာ အောက်ဆင်းရမလို မဆင်းရမလို လှေကားထိပ်၌ ချီတုံချတုံဖြစ်နေသည်။

ပြန်ချွတ်လိုက်ရင် ကောင်းမလား
ဝတ်ပြီးမှတော့ ကြိုးစားကြည့်လိုက်ပါမယ်လေ။

အောက်ထပ်သို့ ခပ်သွက်သွက် ဆင်းလာသည်။ကမ္ဘာစိုးမိုးအား မမှီလိုက်မှာစိုး၍ဖြစ်သည်။

အောက်ထပ်ရောက်တော့ တံခါးဝသို့ ရောက်ခါနီးဖြစ်နေသည့် ကမ္ဘာစိုးမိုးကြောင့် အလျင်အမြန်တားဆီးလိုက်သည်။

"ဦးကမ္ဘာ...ခဏ"

ခေါ်ပြီးနောက် ရတုလက်ာမျက်လုံးချင်းဆုံအောင် မကြည့်ရဲဘဲ ခေါင်းငုံ့ကာ ကိုယ့်လည်ပင်းကို ကြမ်းကြမ်းတမ်းတမ်း ကုတ်ခြစ်နေမိသည်။

မိမိရှေ့က ချာတိတ်ကြောင့် ကမ္ဘာစိုးမိုး မျက်လုံးပြူးရုံတင်မက ပါးစပ်ပါ အဟောင်းသား ဖြစ်သွားသည်။

Char TateWhere stories live. Discover now