EPISODE 36

4K 204 4
                                    

Zawgyi

အိမ်၏ ခေတ်မှီဂေဟစနစ်ကြောင့် ပိုင်ရှင်ဖြစ်သည့် ရတုလက်ာမှာ အခက်အခဲမရှိ အိမ်ထဲသို့ ဝင်လာနိုင်သည်။

လာရင်းဖြင့် ချော့နည်းပေါင်းစုံကိုလည်း စဉ်းစားရသေး။ခဏလေးဆိုပြီး နောက်တစ်နေ့ကူးသွားတာ ကမ္ဘာစိုးမိုး ကိုယ့်ကို အသေသတ်လိုက်ရင် ဘယ်လိုလုပ်မတုန်း။

စောသေးတာကြောင့် ကမ္ဘာစိုးမိုးနိုးဦးမည်မထင်။စစ်မင်းဆက် အိပ်နေတုန်း က္ကနြေ္ဒသစ္စာဖြင့် ပေါင်းကာ ခိုးထွက်လာခြင်းဖြစ်သည်။

ဧည့်ခန်းထဲရောက်တော့ ဆိုဖာပေါ်တွင် နဖူးပေါ်လက်တင်ကာ အိပ်ပျော်နေသော ကမ္ဘာစိုးမိုးကို သူတွေ့သည်။

ဘယ်လိုဖြစ်ပြီး အိပ်ခန်းထဲမှာ မအိပ်ဘဲ ဒီရောက်နေပါလိမ့်။အနားသို့ ခြေဖော့နင်းသွားကာ ဆိုဖာဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။

"ချစ်စရာလေး..."

သူတိုးတိုးလေး ရေရွတ်လိုက်သည်။

တကယ်ဆို ကမ္ဘာစိုးမိုးမျက်နှာအား သေချာမကြည့်ဖူးခဲ့ပေ။အဲ့လိုကြည့်ဖို့လည်း အချိန်မရှိခဲ့။ကိုယ်ချစ်ရတဲ့လူက အလုပ်သရဲကြီးမလား။

"ဦးကမ္ဘာ အရမ်းချစ်တယ်သိလား...ကျနော့်ကို ဘယ်တော့ပြန်ချစ်မှာလဲဟင်"

ဒီမေးခွန်း ခေါင်းထဲကို ရောက်လာတိုင်း ရတုလက်ာ မျက်ရည်ဝဲမိမြဲပင်။

တစ်သက်လုံး ​စောင့်ရရင်ရော...
သူအဆင်ပြေပါသည်...

တစ်သက်လုံး ပြန်မချစ်ရင်ရော... သူအဆင်ပြေသေးသည်...

ဒါမှမဟုတ် တစ်ခြားတစ်ယောက်ကို ချစ်သွားရင်ရော...

ဟင့်အင်း...မတွေးနဲ့တော့...

လှုပ်လှုပ်ရှားရှားဖြစ်လာသည့် ကမ္ဘာစိုးမိုးကြောင့် ရတုလက်ာ လက်နှစ်ဖက်ဖြင့် မျက်ရည်တို့အား အမြန်သုတ်လိုက်သည်။

"အာ...ဦးကမ္ဘာ မောနင်း"

နိုးနိုးလာချင်း ထထိုင်လိုက်ကာ ကမ္ဘာစိုးမိုးက သူ့ကို ကြည့်လာသည်။

ရတုလက်ာလည်း ကြောင်ပြီး အကြည့်မခွာမိ။

ခဏနေတော့ ဘာမပြော ညာမပြောဖြင့် ထကာ အပေါ်ထပ်သို့ တက်သွားသည်။

Char TateWhere stories live. Discover now