EPISODE 7

5.4K 285 4
                                    

Unicode

နောက်တစ်နေ့မနက်

ရေမိုးချိုး အဝတ်အစားလဲပြီးနောက် မနေ့ကမှ ‌ပြိုင်ပွဲအတွက် ‌ဆိုင်မှာသေချာရှိုင်းသွားသည့် ဆိုင်ကယ်လေးအား ယူရန် ကားဂိုဒေါင်ဆီသို့ သွားလိုက်သည်။

ဘိုးတော်ကိုတော့ ဒီနေ့မတွေ့။

မနက်ခင်းလေးက မဂ်လာရှိချက်ပဲ။

မျှော်လင့်ချက်ဖြင့် ဂိုဒေါင်တံခါးအား ဖွင့်လိုက်ပေမယ့် ဂိုဒေါင်ထဲတွင် ဘာမှမရှိ။မဖြစ်နိုင်တာ အမှတ်များမှားလား မနေ့ ညနေက လေ့ကျင့်ပြီး ပြိုင်ပွဲအတွက် သေချာပြင်ဆင်ထားတာ။ဘယ်လိုလုပ်မရှိတော့တာလဲ။

"ဟို အစ်ကိုလေး"

နောက်က မရဲတရဲခေါ်သံကြောင့် ရတုလင်္ကာလှည့်ကြည့်လိုက်သည်။သူ့ထက်တော့ အသက်ကြီးမယ့်ပုံ ယောင်္ကျားလေးတစ်ယောက်။

"မင်းက ဘယ်သူလဲ ငါ့ကို သိလို့လား"

"ကျနော့်က ဦးကမ္ဘာစိုးမိုးရဲ့ အတွင်းရေးမှူးပါ။Bossက အစ်ကိုလေးကို ပြောခိုင်းလိုက်လို့ ဟို..."

"မင်းမပြောနဲ့ ငါအရင်ပြောမယ် ငါ့ဆိုင်ကယ်က အဲ့လူလက်ချက်ပဲလား"

"အဲ...ဟုတ်"

Bossကတော့ သူ့ယောင်္ကျားသူမနိုင်တာနဲ့ ငါ့ကို လွှဲချလိုက်တာလား မသိဘူး။ပုံစံက စိတ်တိုလာရင် ငါကိုကိုင်ပေါက်မယ့်ပုံပဲ။

အတွင်းရေးမှူးမှာ ဒူးတောင်မခိုင်ချင်တော့။

"အဲ့လူ အခုဘယ်မှာလဲ မြန်မြန်ပြော ငါ့မှာအချိန်မရှိဘူး"

~~~~~ Ringtone ~~~~~

အချိန်ကိုက် ဖုန်းဝင်လာတာကြောင့် အ‌တွင်းရေးမှူးမှာ ပျော်သွားရပြန်သည်။

"Boss ဖုန်းဆက်တယ် အစ်ကိုလေး"

"ပေးစမ်း ငါ့ကို"

ရတုလင်္ကာက ဖုန်းအား လုယူလိုက်ပြီး စတင်ကာ ဆဲတော့သည်။

"ခင်ဗျား ဘာ$ချိုးချိုးတာလဲ။ကျနော့်ဆိုင်ကယ် ဘယ်မှာလဲ အခုချက်ချင်းပြန်လိုချင်တယ်"

တဖက်မှ တည်ငြိမ်သော အသံဖြင့်

"ငါပြောပြီးသားလေ ဒီနေ့အလုပ်စဆင်းရမယ် ချာတိတ်"

Char TateWhere stories live. Discover now