EPISODE 43

3.7K 193 12
                                    

Unicode

"ချီးယား"

ခွက်ချင်းတိုက်ပြီးနောက် အားလုံးတကျိုက်တည်း သောက်ပစ်လိုက်ကြသည်။

ရတုလက်ာတို့ သူငယ်ချင်းအဖွဲ့ထဲတွင် သာကီမင်းမြတ်ပါ ဝင်ပါလာတာကြောင့် အရင်ကထက်ပိုအသံကျယ်လာ၏။

"ရတုရာ မင်းအရင်လို ပြန်ဖြစ်သွားတာ ငါအရမ်းဝမ်းသာတယ် ဖြစ်သင့်တာကြာပြီ"

စစ်မင်းဆက်က ပြောကာ အရက်နောက်တစ်ခွက်အား ထပ်သောက်လိုက်သည်။

သူ့မိန်းမ ဘုရားဖူးထွက်သွားတာကြောင့် အိမ်ပြန်နောက်ကျလည်း ကိစ္စမရှိပေ။အခွင့်အရေးရတုန်း ပျော်သလိုသာ နေလိုက်တော့သည်။

"ငါပြောချင်တာကွာ ချစ်တာတော့ ချစ်ပေါ့ ကိုယ့်ဖာသာတော့ မညှင်းဆဲရဘူးလေ"

သူရိန်မင်းမှာ ပြောသာပြောရမှာ မျက်လုံးက ဘားကောင်တာဆီ ရောက်လိုက် သူကြောက်ရသည့် ရည်းစားဖြင့် မျက်လုံးချင်းဆုံလိုက်ဖြင့် ဗျာများနေသည်။

တကယ်ပါ သူတို့အဖွဲ့ဟာလေ အကုန် လင်ကြောက် မယားကြောက်​တွေချည်းပဲ။

သာကီမင်းမြတ်ကတော့ ဘာမှဝင်မပြောဘဲ အရက်သောက်ရင်း နားထောင်နေသည်။

အရက်အဝသောက်ကာ စိတ်ကြိုက်ပျော်ပါးပြီးနောက် အိမ်ပြန်ချိန်သို့ ရောက်ခဲ့ပြီ။

"ရတု ငါလိုက်ပို့ပေးမယ်လေ မင်းကား အခုထိ ဝပ်ရှေ့မှာပဲ မနက်ဖြန်တော့ ရမယ်ပြောတယ်"

ပြန်ခါနီး သာကီမင်းမြတ်က ပြောလာသည်။မနေ့က ရတုလက်ာ၏ ကားကို သူမတော်တဆဝင်တိုက်မိတာကြောင့် ဝပ်ရှေ့ပို့ပေးထားခြင်းပင်။

ရတုလက်ာက သူထင်ထားတာထက် ထိုကားအား ပိုနှစ်သက်သည်။အဘယ်ကြောင့်ဆိုသော် ဦးကမ္ဘာရဲ့ လက်ဆောင်တဲ့လေ။

"ရတယ် ငါတက္ကစီနဲ့ပဲ ပြန်တော့မယ် လာတုန်းကလည်း စီးပြီးပြီပဲ"

"ဘာလဲ မင်းရဲ့လူက ငါ့ကို ကြည့်မရလို့လား"

သူပြောလိုက်တော့ ရတုလက်ာက အားနာသလိုလေး ပြုံးကာ လည်ပင်းအား ပွတ်ရင်း ဖြေသည်။

"စိတ်ထဲမထားပါနဲ့ကွာ သူက အဲ့လိုပဲ မင်းကိုမှ မဟုတ်ပါဘူး ငါ့ကိုလည်း သိပ်ကြည့်လို့ရတာ မဟုတ်ဘူး"

Char TateWhere stories live. Discover now