EPISODE 55

3.7K 176 6
                                    

Unicode

ဓာတ်လှေကားရှေ့တွင် တော်တော်ကြာသည်အထိ စစ်မင်းဆက်စဥ်းစားနေမိပါသည်။
စိတ်ထဲတွင်လည်း ဖြစ်နိုင်၏ မဖြစ်နိုင်၏ လွန်ဆွဲနေသည်။

ထိုစဥ် ဖုန်းသံကြောင့် အတွေးတို့ ရပ်သွားသည်။ကြည့်လိုက်တော့ နံပါတ်စိမ်းဖြစ်နေသည်။

"ဟဲလို"

"ဟဲလို ငစစ် ခုနက ငါနဲ့တွေ့တာ ဦးကမ္ဘာကို မပြောနဲ့နော်"

ပြောပြီး ချက်ချင်းဖုန်းချသွားသည်။စစ်မင်းဆက်မှာ ပါးစပ်ကြီးဟလျက် အံ့သြရင်း ကြက်သေသေနေမိသည်။

ဦးကမ္ဘာကို မပြောနဲ့ဆိုတော့ စိတ်ချပါ သူသေတောင်ပြောမှာမဟုတ်ပါဘူး။ရတုကို စိတ်ဆင်းရဲအောင် လုပ်ခဲ့တဲ့လူကို တစ်ခါလောက်တော့ သင်ခန်းစာ ပေးရမည်။

ဒါပေမယ့် မ ကိုတော့ မပြောလို့မဖြစ်။သိရဲ့သားနဲ့ ချန်လှပ်ထားလျှင် ပေါ်သွားတဲ့တစ်နေ့ မ ကို သေတဲ့အထိ လိုက်ချော့နေရမှာဖြစ်သည်။

ထို့ကြောင့် ဆုံးဖြတ်ချက်သေချာချကာ အခန်းဆီသို့ ပြန်ခဲ့သည်။အခန်းထဲ ရောက်ရောက်ချင်းပင်...

"မ ရေ မောင်ပြန်လာပြီ "

"ဪ...ပြန်တောင်ရောက်ပြီလား ဦးစစ်မင်းဆက်ရဲ့ ကြွပါရှင် ကြွပါ"

"မ ရေ မောင်လေ..."

"တော်တန်တိတ် အောက်ထပ်ကို ပစ္စည်းလေးသွားဝယ်တာ ကျွန်မဆို ဆယ်ခေါက်လောက် သွားလို့ပြီးနေပြီသိရဲ့လား ဘယ်နေရာမှာ အလေဝင်လိုက်နေလို့ အဲ့လောက်ကြာနေရတာလဲ"

"မ..."

"ပိတ်ရက်လေး အိမ်ကိစ္စတွေ လုပ်ဖို့ရှိပါတယ်ဆိုမှ စျေးသွားဝယ်တာ ပြန်မလာတော့ဘူး ခုပဲကြည့် နေ့လည်စာ စားချိန်က ကျော်နေပြီ ဘယ်အချိန်အလုပ်လုပ်တော့မလဲ အခု မီးဖိုချောင်ထဲလိုက်ခဲ့ လာကူပေး"

စစ်မင်းဆက်မှာ ပြောဖို့ပါးစပ်တပြင်ပြင်ဖြစ်နေပေမယ့် ထိုအချိန်မှစ၍ အလုပ်နှင့်လက်က မပြတ်တော့တာကြောင့် မပြောဖြစ်တော့။ညမှသာ အေးအေးဆေးဆေး ပြောရန် စဥ်းစားထားသည်။

အလုပ်များအားလုံးပြီးစီးသည့်အချိန်တွင် ပင်ပင်ပန်းပန်းဖြင့် ဗိုက်ဆာလာတာကြောင့် ညနေစာကို စောစောစီးစီး စားနေစဥ် ဖုန်းဝင်လာသည်။

Char TateWhere stories live. Discover now