EPISODE 20

4.9K 280 6
                                    

Unicode

"အား..."

အပေါ်ထပ်မှ အော်ဟစ်သံအကျယ်ကြီးကြောင့် ကမ္ဘာစိုးမိုး လန့်သွားမိသည်။

အပေါ်ထပ်သို့ ခပ်သုတ်သုတ်တက်သွားကာ အိပ်ခန်းရှိရာသို့ ဦးတည်လိုက်သည်။

ချာတိတ်တစ်ကောင် စောစောစီးစီးဘာဖြစ်ပြန်ပါလိမ့်။

"ချာတိတ် ဘာဖြစ်တာလဲ"

ချာတိတ်က ထိတ်လန့်နေပုံဖြင့် တံတွေးတစ်ချက်မြိုချလိုက်ပြီး

"ဦး...ဦးကမ္ဘာ ခင်ဗျားညက ကျနော့်ကို ဘာလုပ်လိုက်သေးလဲ"

ရတုလက်ာ၏ အမေးကို ကမ္ဘာစိုးမိုး အစက နားမလည်ပေမယ့် နည်းနည်းလေး သဘောပေါက်တာကြောင့် ကုတင်ပေါ်တွင်နေသော ရတုလက်ာအနားသို့ သွားလိုက်သည်။

သူရှေ့တိုးလျှင် ဟိုက နောက်ဆုတ်သွားတာမို့ ကမ္ဘာစိုးမိုး ရယ်ချင်စိတ်အား မြိုသိပ်ထားမိသည်။

'ကိုယ့်ကိုများ အရက်မူးနေတဲ့လူကို အသားယူမယ်လို့ ထင်နေတာလား'

"ငါ မရည်ရွယ်ပါဘူး မင်းက အရမ်းတောင်းဆိုနေတော့..."

"ဘ...ဘာ ကျနော်က...ကျနော်က"

"အဲ့ဒါနဲ့ ငါလည်း..."

ထိုနေရာမှ စကားကိုရပ်ထားတော့ ရတုလက်ာခမျာ ဟန်မဆောင်နိုင်စွာဖြင့်

"ငါလည်း... ဘာဖြစ်လဲ ဆက်ပြောလေ"

"မင်း နဖူးကို နမ်းလိုက်တာလေ"

"ဟင် ဒါပဲလား"

"ဒါပဲ မင်းက ဘာဆက်ဖြစ်ချင်လို့လဲ"

"အဲ့ဒါတော့ ကျနော်လည်း မှတ်မိတာပေါ့ဗျ ချီးပဲ"

"မင်း အခု ငါ့ကိုဆဲလိုက်တာလား"

"အာ မဟုတ်...မဟုတ်ဘူး အကျင့်ပါနေတာ"

"ဒါဆိုလည်း အဲ့အကျင့်ကို ပြင်လိုက်တော့"

ပြောပြီး ထထွက်ဖို့ အပြန်မှာ

"ဒါဆို အင်္ကျီလဲတာကရော ခင်ဗျား...ခင်ဗျားပဲလား"

"ဒီအိမ်မှာ တခြားလူ နေသေးလို့လား ချာတိတ်"

သူထင်တာ မမှားလျှင် သူ့စကားကြောင့် ချာတိတ်၏ ပါးတို့ ပန်းရောင်သန်းသွားတာကို သတိထားမိသည်။

Char TateWhere stories live. Discover now