EPISODE 3

7.5K 390 8
                                    

Unicode

"ဓာတ်ပုံတွေ အကုန်ဖျက်ခိုင်းလိုက်ပါပြီ Boss"

စကားတောင် မပြန်နိုင်တော့ဘဲ နားထင်ကိုသာ လက်ဖြင့်ဖိကာ ဆိုဖာပေါ်တွင် ထိုင်နေလိုက်သည်။

"မင်းလည်း ဒီနေ့တစ်နေ့လုံး ပင်ပန်းသွားပြီ သွားနားတော့"

အတွင်းရေးမှူး၏ ခြေသံမှာ တဖြည်းဖြည်းဝေးသွားပြီးနောက်ကမ္ဘာစိုးမိုး သက်ပြင်းကို အရှည်ကြီးချမိသည်။

တရားခံ ဘယ်သူလဲဆိုတာကိုတော့ ရအောင်လိုက်မည်။တစ်သက်လုံး ထိန်းထားခဲ့သမျှ အရှက်နဲ့သိက္ခာတွေ အသက်သုံးဆယ်ရောက်မှ ရစရာမရှိအောင် ပျက်ဆီးသွားပြီ။

"တီ~~~တီ ~~~"

ကားဟွန်းတီးသံကြောင့် သူကြောင်သွားသည်။သူ့အိမ်ကို လာမယ့်လူမရှိ။သိတဲ့လူလည်း သိပ်မရှိချေ။

အခန်းပြတင်းပေါက်က ကြည့်မိတော့ အတွင်းရေးမှူး နေမင်းထက်နှင့် ကားထဲကလူ စကားပြောနေသည်ကို တွေ့သည်။

သူလည်း ဘာမှလုပ်ချင်စိတ်မရှိတာကြောင့် ဒီတိုင်းသာ ပြန်ထိုင်နေလိုက်သည်။

ခဏနေတော့ နေမင်းထက်မှာ အခန်းထဲသို့ အမောတကော ပြန်ဝင်လာပြီး

"Boss အောက်...အောက်မှာ"

"ဘယ်သူရောက်လာတာလဲကွာ စိတ်ညစ်ရတဲ့အထဲ"

"Bossရဲ့ အဘွား..."

အတွင်းရေးမှူး စကားကိုပင် ဆုံးအောင် နားမထောင်နိုင်ဘဲ အောက်ထပ်သို့ ပြေးဆင်းမိသည်။ထို့နောက် ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်နေသော အဘွားဖြစ်သူ။

အဘွားကို တွေ့တော့ မိမိအား စူးရဲသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ သြဇာငြိမ့်ညောင်းလှသော မိမိ၏ နာမည်ခေါ်သံမှာ ဟိန်းခနဲထွက်လာသည်။

"ကမ္ဘာစိုးမိုး"

~~~~~~~~~~~ Char Tate ~~~~~~~~~~~

နာမည်က ဦးကမ္ဘာစိုးမိုး။

အသက်က သုံးဆယ်။

အလုပ်အကိုင်က SOE & MOE ကုမ္ပဏီရဲ့ အုပ်ချုပ်သူ။

ထိုလူက ကိုယ်ရေးရာဇဝင်အနည်းငယ်ကို ပြန်စဉ်းစားရင်း ရတုလက်ာ စိတ်အကြီးကြီးပျက်နေမိပြီ။

Char TateWhere stories live. Discover now