EPISODE 51

3.1K 164 3
                                    

Unicode

"ဘယ်လို ဒါအဘွားဘက်က စခဲ့တဲ့ မြှုပ်နှံမှုလေ အဘွားက နုတ်ထွက်တော့ ဘာကျန်တော့မှာလဲ"

"ကျနော်လည်း ကြားကြားချင်းလန့်သွားတာပါ အတတ်နိုင်ဆုံးမြန်မြန်ရှယ်ယာရှင်ခေါ်ရပါမယ်။ကျန်တဲ့ ရှယ်ယာရှင်တွေကတော့ 48နာရီပဲ စောင့်ပေးပါမယ်တဲ့ ကျော်တာနဲ့ ရှယ်ယာတွေအကုန် ပြန်ထုတ်မယ်လို့ ကြားပါတယ်"

အဘွားရှယ်ယာအများဆုံးထည့်ထားသည့် စီမံကိန်းမှာ အဘွားက အကုန်ပြန်ထုတ်သွားတာကြောင့် စီမံကိန်းမှာ ပျက်စီးလုနီးနီးပင်။

ဖုန်းဆက်ပြောလည်း ထူးမှာမဟုတ်။တမင်လုပ်မှန်း ကမ်ဘာစိုးမိုးသိပါသည်။အဘွားက မစားရတဲ့အမဲ သဲနဲ့ပတ်တတ်သည့် အကျင့်ရှိသည်။

ဒီစီမံကိန်းက ချာတိတ်မိဘများ၏ ကုမ္ပဏီအား ချောင်လည်လာစေနိုင်မည့် စီမံကိန်းပင်။ယခုလို ပျက်စီးသွားခဲ့လျှင် ကုမ္ပဏီ ဒေဝါဒီ ခံရလိမ့်မည်။
အချိန်သုံးလသာ ပေးထားသော တာဝန်ကို တစ်နှစ်နီးနီး အချိန်ယူနေသော မိမိကြောင့် အဘွားက သူ မရသေးသည့် ကုမ္ပဏီအား ဒေဝါဒီခံခိုင်းလိုက်ခြင်းဖြစ်သည်။

"ရွေးစရာမှမရှိတာ ရှယ်ယာရှင်တွေကို ရရင်ရသလောက် ခေါ်ရမယ် လုပ်နိုင်တာဒါပဲ သတ်မှတ်ငွေကြေးမရခင်အထိ ဘယ်သူမှအလုပ်မဆင်းရဘူး"

အမိန့်အား ပေးပြီး ကမ်ဘာစိုးမိုး၏ လက်တို့ ကွန်ပျူတာပေါ်၌ ပြေးလွှားခဲ့သည်။နေ့လည်စာမစားရသေးတာကြောင့် ဘေးမှရေဘူးအား အဝသောက်လိုက်ကာ အဆာခံစေသည်။

ချာတိတ်မိဘများ၏ အပိုင်က ချာတိတ်အပိုင်ပင်။မည်သူ့လက်ထဲမှ မရောက်ရသလို ဘယ်သူ့ကိုမှလည်း ဖျက်ဆီးခွင့် မပြုနိုင်ချေ။

~•~•~•~•~• Char Tate •~•~•~•~•~

"ဘာလဲ မင်းယောက်ျားက ပလစ်သွားပြီပေါ့လေ"

video call မှတစ်ဆင့် လာလှောင်နေသော သူရိန်မင်းအား ရတုလက်ာလက်ခလယ်ထောင်ပြလိုက်သည်။

ဦးကမ်ဘာက ဆဲတဲ့အသံမကြားချင်ဘူး ပြောထားလို့ နားထောင်သည့်အနေဖြင့် လက်ဖြင့် အသံတိတ်ဆဲလိုက်ခြင်းဖြစ်သည်။

Char TateWhere stories live. Discover now