EPISODE 31

4.5K 268 14
                                    

Zawgyi

အိမ်နှင့် အနည်းငယ် ဝေးကွာသောနေရာသို့ ရောက်ပြီးနောက် ကမ္ဘာစိုးမိုး ကားကို ရပ်လိုက်သည်။

အိမ်မှာ ငိုရင်း ကျန်နေရစ်မည့် ချာတိတ်ဆီသို့ ပြန်သွားချင်ပေမယ့် သွားလို့မဖြစ် ကိုယ့်အဖျား သူ့ဆီ ပြန်ကူးပြီး သံသရာလည်နေလိမ့်မည်။

အလုပ်က မသွားလည်း ရပေမယ့် အိမ်မှာနေလျှင် အနားကပ်ကာ ပြုစုနေမည့် နေကောင်းခါစ ချာတိတ်တစ်ယောက် ထပ်ဖျားသွားမှာ စိုးရိမ်မိသည်။

အလုပ်ကို ခေါ်သွားပြန်တော့လည်း ဘာထူးမှာလဲ။ဝေးဝေးမှာ နေတာပဲ ပိုကောင်းလိမ့်မည်။

အလုပ်သို့ ရောက်သည်နှင့် ရုံးခန်းသို့ ဝင်ကာ အဖျားအား မေ့အောင် အလုပ်ဖိလုပ်နေလိုက်သည်။

"ဟာ...Boss နေမကောင်းဘူးဆို အိမ်မှာ ဘာလို့မနားတာလဲ"

ပုံမှန်ကြားနေကျ အတွင်းရေးမှူး၏အသံပင် ကမ္ဘာစိုးမိုးနားထဲသို့ စူးဝင်ကာ စိတ်အနှောင့်အယှက်ကို ဖြစ်စေသည်။အဖျားရှိ​နေတာကြောင့် စိတ်မကြည်သလို ဘယ်အရာကိုမှလည်း စိတ်မရှည်တော့ပေ။

"ငထက် ဒီနေ့တော့ ငြိမ်ငြိမ်နေပေးစမ်း"

သူဌေး၏ အခြေအနေမကောင်းတာကြောင့် အတွင်းရေးမှူးမှာ ဘာမှဆက်မပြောနိုင်ဘဲ ငြိမ်နေလိုက်ရသည်။

"အား...ကျွတ် ကျွတ်"

မူးလာသည့် ခေါင်းကြောင့် ကမ္ဘာစိုးမိုး ကိုယ့်နားထင်ကိုယ် ဖိနှိပ်လိုက်ကာ ညီးလိုက်မိသည်။

"Boss အစ်ကိုလေးက ကျနော့်ကို ဆေးဝယ်ခိုင်းလို့ ကျနော်ဝယ်လာတယ် ဆေးသောက်ပြီး နားလိုက်ပါ Bossတစ်ခုခုဖြစ်ရင် ဖုန်းဆက်ဖို့လည်း ပြောတယ်"

"သူ့ကို ဖုန်းမဆက်နဲ့ သူစိတ်ပူပြီး ချက်ချင်းရောက်လာလိမ့်မယ်"

"ဒါဆိုလည်း အနားယူလိုက်ပေါ့ Bossရယ် အစ်ကိုလေးအသံနားထောင်ရတာ တော်တော်စိတ်ပူနေတဲ့ပုံပဲ အစ်ကိုလေးကို စိတ်မပူစေချင်ရင် မြန်မြန်နေကောင်းအောင် လုပ်လေ"

"အင်းအင်း ဒါဆက်လုပ်လိုက်တော့ ကိုယ်နားနေခန်းမှာ သွားအိပ်နေလိုက်မယ်"

Char TateWhere stories live. Discover now