Zawgyi
မနက်ပိုင်း၌ ဖုန်းခေါ်သံကြောင့် ရတုလက်ာနိုးလာခဲ့သည်။
"ချီးမို့ အစောကြီးဖုန်းဆက်ရလားဟ"
မနက်ပိုင်းလည်း မရှောင် ရတုလက်ာတို့က ဆဲတတ်ပါသေးသည်။
"..."
"ဘာ...မြန်...မြန်လှချည်လား"
"..."
"ဟာ ဟေ့ကောင် သူရိန်လျှောက်ပြောနေတာ မယုံနဲ့ သူပြောတာ မဟုတ်..."
ကိုယ့်စကားမဆုံးခင် ဖုန်းချသွားတာကြောင့် ဖုန်းစခရင်ကိုကြည့်ကာ ခဏအူကြောင်ကြောင်ဖြစ်နေသေးသည်။
"မဖြစ်သေးပါဘူး အစထဲက ဦးကမ္ဘာနဲ့အကြောတည့်တဲ့ကောင်မဟုတ်ဘူး"
ကိုက်နေသည့် ခေါင်းတောင် အကိုက်အခဲပျောက်သွားကာ အောက်ထပ်သို့ ဆင်းပြေးရသည်။
ဧည့်ခန်းရောက်တော့ တွေ့ပါပြီ။
စောစောစီးစီး လူသတ်တော့မည့်အကြည့်ဖြစ်နေကြသည့် နှစ်ယောက်။စစ်မင်းဆက်က ရတုလက်ာအား မြင်မြင်ချင်းပင်
"ရတု ငါနဲ့လိုက်ခဲ့ မင်းကွန်ဒိုကို မင်းမိဘတွေ ရောင်းသွားပြီမလား ဒီအိမ်မှာဆက်မနေနဲ့တော့"
"ချာတိတ်ကို ကိုယ်ပိုင်တာ ဒါကြောင့် ကိုယ်ခွင့်မပြုဘဲ သူ့ကို ဘယ်သူမှခေါ်သွားခွင့်မရှိဘူး"
"နေ...နေကြပါဦး ငါတကယ်ရူးချင်တယ်ကွာ ဘယ်လိုဖြစ်ပြီး ချက်ချင်းကြီး ပြန်ရောက်လာတာလဲ ငစစ်ရာ"
ရတုလက်ာ ခေါင်းကို တဗြင်းဗြင်းကုတ်ပြီး ထိုင်သာ ငိုပစ်လိုက်ချင်သည်။အစထဲက စစ်မင်းဆက် ကမ္ဘာစိုးမိုးကို ကြည့်မရပါဘူးဆို Anniနေ့ကြီးမှာ ကိုယ်ငိုပါတယ်ဆိုပြီး သူရိန်မင်းက ဖုန်းဆက်လိုက်တယ်တဲ့ အေးရောပဲ ဟိုကောင်က နိုင်ငံခြားကနေ ဒီကို ညတွင်းချင်းကြီး ရောက်ချလာပြီ။
"မင်းသိချင်ရင် အိမ်ရောက်မှရှင်းပြမယ် ယူစရာရှိတာတွေယူ ဒီလူအနားမှာ မင်းကိုဆက်မထားနိုင်ဘူး"
"ဟိုလိုလုပ် ဒီလိုလုပ်ပြောနေရအောင် မင်းက ဘာမို့လို့လဲ"
"ကျနော်က ဘာမို့လို့လဲ ဟုတ်လား မ သာပေါ်မလာခဲ့ရင် အခုခင်ဗျားနေရာမှာ ကျနော်ဖြစ်နေမှာ"
YOU ARE READING
Char Tate
General FictionLove is a thing that if you'll find, never can see it but you will meet this nearly or by chance.