EPISODE 56

3.6K 166 10
                                    

Unicode

"ဦးကမ္ဘာစိုးမိုးက မြန်မာပြည်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ဦးရတုလက်ာကို လွှဲခဲ့ပါတယ် စာချုပ်ကို ဖတ်ကြည့်ပြီး လက်မှတ်ထိုးပေးပါ"

ရှေ့နေထိုးပေးလာသည့် စာချုပ်ကို ကြည့်ပြီး ရင်ထဲနင့်သွားသည်။

ဘာလုပ်ရမှာလဲ ဒီပိုင်ဆိုင်မှုတွေက...
သူလိုချင်တာက ဦးကမ္ဘာကို နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် တွေ့ချင်ရုံလေးတင်။

"အစ်ကို​လေး လက်မှတ်ထိုးလိုက်လေ Bossက ပေးခဲ့တာကို သေချာလေးအသိအမှတ်ပြုပေးလိုက်ပါနော်"

အတွင်းရေးမှူးက ဘေးမှဆော်သြလာတာကြောင့် ရတုလက်ာလက်မှတ်ထိုးလိုက်ရသည်။

စိတ်ထဲမှာတော့ ရှုပ်ထွေးလွန်းလို့ ဘာမှကို မသိတော့ပေ။

ဦးကမ္ဘာက တောင်းပန်သည့်အနေဖြင့် ဒီပိုင်ဆိုင်မှုတွေကို ပေးထားခဲ့သည်တဲ့လား...မဖြစ်နိုင်တာ

ဦးကမ္ဘာက သူ့ကို ချစ်ခဲ့သည်ဆိုတာကို ယုံသည်။
ဦးကမ္ဘာက ခံစားချက်များကို ရင်ထဲက ထုတ်ပြခွင့်မရခဲ့သည့်လူတစ်ယောက်ဖြစ်သည်။သို့သော် အပြုအမူများနှင့် ကိုယ့်အား အမြဲဂရုစိုက်ခဲ့သူတစ်ယောက်ပါ။

သေချာပါသည်...ဒီဆုံးဖြတ်ချက်ကို ချဖို့ ဦးကမ္ဘာလည်း တော်တော်ခဲယဥ်းခဲ့မှာပါ။

အခန်းထဲဝင်လိုက်ပြီးနောက် အဝတ်အစားလဲရန် အဝတ်ဗီရိုအား ဖွင့်လိုက်စဥ်မှာပဲ ဦးကမ္ဘာ၏ အစီအရီချိတ်ဆွဲထားသော အဝတ်အစားတို့က ဆီးကြိုနေသည်။

အကျီများကို ဖြုတ်ယူကာ အရူးတစ်ယောက်လိုပင် ဖက်တွက်နမ်းရှိုက်မိသည်။ဦးကမ္ဘာ၏ ကိုယ်သင်းရနံ့တို့က နှာခေါင်းထဲ သင်းသင်းလေး ဝင်လာသလို မျက်ရည်တို့ကလည်း စီးကျလာသည်။

"ခင်ဗျားကို ထပ်တွေ့ပြီး ခင်ဗျားကို ဘယ်လောက်ချစ်ကြောင်း ထပ်ပြောပြချင်သေးတယ် ဦးကမ္ဘာ"

သူ ထိုနေရာတွင်သာ ထိုင်ငိုနေမိသည်။
ဦးကမ္ဘာက သူ့ကို အမြဲပြောခဲ့ဖူးသည်။

'အပေအတေလေး အဲ့လောက်ပေနေရင် ဘယ်လိုအသက်ရှင်မလဲတဲ့'

ဟုတ်သည်...ကျနော်က ဦးကမ္ဘာအပေါ် အမြဲပေပြီးဆိုးခဲ့ဖူးသည်။သို့သော် ဦးကမ္ဘာဖြစ်နေခဲ့လို့ပင်။တစ်နေ့လုံး နေရာမှမထဘဲ ဂိမ်းဆော့နေရင်လျှင် ဦးကမ္ဘာက ထိုစကားဖြင့် အစချီကာ ထမင်းစားဖို့ ခေါ်တတ်သည်။အမှိုက်မပစ်တာတို့ အဝတ်အစားများကို ပြန့်ကျဲထားတာမျိုးတို့ကို တွေ့လျှင်လည်း ထိုစကားကို သုံး၍ ဆူတတ်သည်။

Char TateWhere stories live. Discover now