EPISODE 40

4.1K 202 10
                                    

Zawgyi

"မိန်းမရေ..."

ကြားလိုက်သည့်အသံကြောင့် စားဖို့ကိုင်ထားသော ပုဇွန်ကင်မှာ လက်ထဲမှ ပြုတ်ကျသွား၏။

ဘယ်ကောင်လဲကွ

မိန်းမလို့ အခေါ်ခံရတာရော၊ စားနေတာကို နှောင့်ယှက်တာရော ပေါင်းပြီး ရတုလက်ာ ဒေါသထွက်သွားသည်။

သူလှည့်ကြည့်လိုက်တော့ ဝတ်စုံအပြည့်ဖြင့် လူနှစ်ယောက်။တစ်ယောက်က စစ်မင်းဆက်ဖြစ်နေပြီး နောက်တစ်ယောက်ကိုလည်း မြင်ဖူးသလိုရှိနေသည်။

"မင်းကို ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး ရတုရာ"

စစ်မင်းဆက်က ရတုလက်ာဘေးသို့ လာထိုင်ကာ ပြောသည်။

"ငါ့ကို မှတ်မိရဲ့လား"

ကျန်တစ်ယောက်ကလည်း ဘေးနားလာထိုင်ပြီး မေးသည်။

မျက်နှာကို ရင်းရင်းနှီးနှီး သိပေမယ့် ဘယ်သူမှန်း သူမသိ။

ရတုလက်ာ၏ သုန်မှုန်နေသော အမူအရာကြောင့် ထိုလူက သက်ပြင်းချလိုက်ကာ

"ငါလေကွာ ချောင်းသာမှာတုန်းက မင်းယောက်ျားလေ"

ထိုအခါမှ ရတုလက်ာ သတိရသွားကာ

"ဪ...အေးကွ ငါမေ့နေတာ ဒီပုံစံနဲ့ဆိုတော့ မင်းက ပိုကြည့်ကောင်းနေတာကိုး"

"မင်းကလေ လူကိုစိတ်မဆိုးချင်အောင် ပြောနေတာပဲ"

ထိုလူက နှုတ်ခမ်းမဲ့ပြကာ ပြောတော့ ရတုလက်ာရော စစ်မင်းဆက်ပါ ရယ်မိသည်။

"ဒါနဲ့ မင်းတို့က ဘယ်လိုသိကြတာလဲ"

ရတုလက်ာက မေးတော့ စစ်မင်းဆက်က ဖြေသည်။

"ငါတို့က စီမံကိန်းတစ်ခု တူတူလုပ်ဖူးတာ ငါရော သူ​ရောအတွက် ပထမဆုံးဆိုတော့ ရင်းနှီးသွားကြတာ"

"မင်းတောင် ကောင်းကောင်းလုပ်နိုင်နေပြီပဲ"

"ဒါနဲ့ မင်းရော ဘယ်လိုလုပ် ဒီကို"

"ဦးကမ္ဘာ ခေါ်လာတာလေကွာ ဟိုမှာ သူက"

"မင်းကို ခေါ်လာပြီး ပစ်ထားတာလား ငါနဲ့တွေ့မယ်"

ပြသနာရှာရန် ထဖို့ပြင်နေသည့် စစ်မင်းဆက်ကို ကျန်နှစ်ယောက်က ဆွဲထားရပြန်သည်။

Char TateWhere stories live. Discover now