EPISODE 5

6.4K 346 15
                                    

Unicode

"ရတု သူရိန်မင်း ဖုန်းဆက်တယ်ကွ။မင်းနဲ့ ပြောချင်လို့တဲ့"

အရှက်မရှိသည့် စစ်မင်းဆက်က မျက်နှာပြောင်တိုက်စွာပင် ရတုလင်္ကာ၏ လူပျိုညပါတီမှာ အားမနာလျှာမကျိုး သောက်စားမူးရူးနေသည်။

အခုလည်း ရတုလင်္ကာအား ဖုန်းပေးပြီး ပုလင်းလိုက်ကို မော့နေတာ။

"ဟဲလို ရတု"

"ဘာလဲ ပြော"

ရတုလင်္ကာ သူရိန်မင်းကို သိပ်ကျေနပ်သည်တော့မဟုတ်။

သူငယ်ချင်းလေး သုံးယောက်ရှိတာအကျဉ်းချုံးကျင်းပသည့် ကိုယ့်သူငယ်ချင်း မင်္ဂလာပွဲတောင် မလာနိုင်အောင် ဘာတွေလုပ်နေမှန်းမသိ။သေချာတာကတော့ အိမ်က ခိုင်းတဲ့အလုပ်ကို အကြောင်းပြပြီး ဖွန်ကြောင်နေတာပဲဖြစ်ရမယ်။

"မင်း လက်ထပ်လိုက်ပြီဆို"

ဘာလား အရူးကွက်လာနင်းပြန်ပြီနဲ့တူတယ်။သူ့မိဘတွေဆီကိုတောင် အကြောင်းကြားထားတဲ့ ကိစ္စကို။

"မဟုတ်ဘူးဟေ့ ကလေးမွေးလိုက်တာ..."

"ဟေ့ကောင် ငါအတည်မေးနေတာကွ။မင်းလက်ထပ်လိုက်တဲ့လူက ဦးကမ္ဘာစိုးမိုးဆိုတာ တကယ်လား"

ဒင်းကတော့ အခုချိန် မကြားချင်ဆုံးနာမည်ကို လာထည့်ပြောနေတယ်။

"ဟုတ်တယ် ဘာလဲ သူ့ကိုလည်း မင်းကြောင်ဖူးပြန်ပြီလား"

"ခွေးကောင် ငရဲကြီးအောင် လာလုပ်နေပြန်ပြီ။အဲ့တာ ငါနဲ့...ဟိုကွာ ဘယ်လိုတော်မှန်းတော့မသိဘူး။သူ့အဘွားနဲ့ ငါ့အဘွားက တစ်ဝမ်းကွဲညီအစ်မတဲ့။အမျိုးဝေးပေမယ့် ငါတို့မိသားစုရဲ့ စီးပွားရေးအတွက် သူတို့ကိုအတင်းအမျိုးတော်ထားရတယ်ပြောတယ်။ငါနဲ့လည်း တစ်ခါနှစ်ခါလောက်တော့ တွေ့ဖူးတယ်။ဘဲကြီးက ပုံစံက သောက်ရမ်းတည်တာနော်။မင်းနဲ့တော့ ကောင်းကင်နဲ့ မြေကြီးပဲ။ဖေကြီးသားလေး ကံကောင်းပါစေကွာ။ငါတော့ သူရှေ့မှာ နှစ်မိနစ်တောင် မနေနိုင်ဘူး။အကြည့်တွေက ဖျားသွားနိုင်တယ်။ဒါပဲကွာ အလုပ်ရှိသေးတယ်။Good Luckနော် သားလေး"

"ဟာ ဟေ့ကောင်..."

ပြန်တောင်မပြောလိုက်ရဘဲ တီခနဲ ကျသွားသော ဖုန်းကြောင့် ရတုလင်္ကာ ဆဲနည်းပေါင်းစုံ ဆဲပေးလိုက်သည်။သေချာတာက အဲ့ကောင် ဒီအချိန် night clubရောက်နေပြီဆိုတာကို သီချင်းသံများက သက်သေခံသည်။

Char TateWhere stories live. Discover now