EPISODE 34

3.7K 231 18
                                    

Zawgyi

"ငါထင်တာ မင်း ဘယ်ဘက်ကို ဘယ်တော့မှ တက်တူးမထိုးတော့ဘူးလို့"

"ငါရောပဲ ဒါပေမယ့် လက်ဆောင်ထူးထူးခြားခြားလေးပေးချင်တာလေ ကျန်တာတွေက အချိန်တစ်ခုကြာရင် ကွယ်ပျောက်သွားမှာ ဒါလေးကတော့ မဟုတ်ဘူး"

တက်တူး crazyဖြစ်သည့် ရတုလက်ာမှာ တက်တူးထိုးနေကျဆိုင်ပိုင်ရှင်နှင့်ပင် သူငယ်ချင်းကဲ့သို့ ရင်းနှီးနေပြီဖြစ်သည်။

ယခုလည်း 3 months Anniအတွက် လက်ဆောင်အဖြစ် ဘယ်ဘက်ရင်အုံတွင် တက်တူးထိုးနေခြင်းပင်။

"ဒီနေရာက တော်ရုံလူတွေမထိုးကြဘူး နှလုံးနဲ့နီးတော့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက်စာရင် ပိုနာတယ် အနာဆုံးနေရာပဲ အန္တရာယ်လည်းများတယ်"

"ဒါဆို ပိုကောင်းတာပေါ့ အချစ်အတွက် စွန့်စားတာလေ ဟား...ဟား..."

စကားပြောလိုက် တက်တူးထိုးလိုက် နားလိုက်ဖြင့် အချိန်အနည်းငယ် ကြာသွားခဲ့သည်။

တက်တူးက အခက်ကြီးမဟုတ်ပေမယ့် အန္တရာယ်များသည့်နေရာဖြစ်တာကြောင့် အချိန်ယူရသည်။

တကယ်တော့ ကမ္ဘာစိုးမိုးအား တက်တူးဆိုင်ကို အတူခေါ်လာကာ စောင့်ခိုင်းမလို့ပဲ။

ဒါပေမယ့် အတူမရှိပေးနိုင်ဘူးဆိုတာကြောင့် အလုပ်များနေမှန်းသိလို့ မပြောလိုက်တော့တာဖြစ်သည်။

အားလုံးပြီးစီးသွားတော့ ညနေတောင်စောင်းနေပြီ။

ညစာစားရင်း တက်တူးအကြောင်းပြောမည်ဟု စဉ်းစားထားပေမယ့် မြင်ကွင်းထဲ ဝင်လာသော ကားကြောင့် အံ့အားသင့်စွာ ရပ်ကြည့်နေမိသည်။

တက်တူးဆိုင်၏ ကားလမ်းတစ်ဖက်တွင် ဂျပန်ရိုးရာဆိုင်တစ်ခုရှိသည်။လူချမ်းသာအများစု လာရောက်တတ်သည့် နေရာတစ်ခုပေါ့။

ကမ္ဘာစိုးမိုးနှင့်အတူ နိုင်ငံခြားသူတစ်ယောက်နှင့် ကားပေါ်မှ ဆင်းလာတာကို တွေ့သည်။ဆံပင်​ရွှေအိုရောင်နှင့် အပြာရောင်မျက်ဝန်းတို့က ရတုလက်ာစိတ်ထဲတော့ လုံးဝ ဆက်စီပင်။

ထိုနိုင်ငံခြားသူကို ရှေ့မှဝင်စေပြီး နောက်လှည့်ကြည့်သည့် ကမ္ဘာစိုးမိုးက ရတုလက်ာကို သတိထားမိသည်ထင်။

Char TateWhere stories live. Discover now