EPISODE 12

4.9K 293 8
                                    

Unicode

တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက်မော့နေသော ရတုလက်ာကြောင့် စစ်မင်းဆက်နှင့် သူရိန်မင်းမှာ တစ်ယောက်ကို တစ်ယောက်မျက်လုံးပင့်ကြည့်မိသည်။

ရတုလက်ာက သောာက်နိုင်တော့ သောက်နိုင်ပါသည်။ခုဟာက သူတစ်ယောက်တည်းကို ခြောက်ပုလင်းနှင့် တပိုင်း ဖြစ်နေပြီ။

"ရတု...ရတု...တော်တော့လေကွာ မင်းအရမ်းမူးနေပြီ"

"အေ့...မူးချင်လို့...အေ့...သောက်တာလေကွာ...သောက်...ဦးမှာ...မူးကွဲ...သောက်မှာ"

"ငစစ် တားဦးလေကွာ ဒီကောင် ဒီမှာတင် မှောက်သွားနိုင်တယ်"

သူရိန်မင်းပြောလို့ စစ်မင်းဆက်မှာ ဝင်တားရန် ပါးစပ်အဟ ခေါင်းမထူနိုင်သည့် ရတုလက်ာလက်က သူ့​ပါးစပ်အား လာပိတ်သည်။

"မတား...နဲ့...အေ့...ငါထပ်သောက်ဦးမယ်...တစ်ပုလင်းလောက်..."

လက်ညိုးတစ်ချောင်းထောင်ကာ နောက်တစ်ပုလင်းယူနေရန် တောင်းဆိုနေသည့် ရတုလက်ာ၏ တောင်းဆိုချက်အား ကျန်နှစ်ယောက်မှာ ငြင်းဆန်သည့် သဘောဖြင့် တုတ်တုတ်မလှုပ်ချေ။

တော်ရုံမူးတာလောက်က အဆင်ပြေသည်။
အရင်ဆို သူတို့ အသဲကွဲလို့ မူးကွဲရင်တောင် တားသည့် လူက အခု ကိုယ်တိုင်သောက်နေသည်။ မသိလျှင် အသဲကွဲနေသည့် လူအတိုင်း။

"ရတယ်...မင်းတို့မယူပေးဘူးပေါ့လေ"

"မယူပေးဘူးကွာ...မင်းက အရက်သောက်နေတာမှ မဟုတ်တာ ဖြုန်းတီးနေတာကွ မင်းပဲပြောတာလေ အရက်ဆိုတာ မူးရုံပဲ သောက်သင့်တာဆို အလွန်အကျွံမသောက်ရဘူးကွာ"

စစ်မင်းဆက်က ရတုလက်ာ ဆုံးမခဲ့သည့် စကားတို့ဖြင့် တားသည်။

"ဒါဆိုလည်း...ဒီ...ဒီညအတွက် စော်လေးတစ်ပွေ ရှာ ​အေ့ ရှာပေးစမ်းကွာ"

နှစ်ယောက်သားမှာ တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်မိသည်အထိပင်။

"မင်း ရူးများသွားသလား ရတု မင်းရော ဟုတ်ရဲ့လား"

သူတို့သိသည့် ရတုလက်ာမှာ သူတို့ထဲမှာ အငယ်ဆုံးနှင့် ကလေးအဆန်ဆုံးပင်။

Char TateWhere stories live. Discover now