EPISODE 24

4.4K 287 31
                                    

Unicode

"အပေးအယူတစ်ခုလောက် လုပ်ကြမလား"

ကော့တေးအား ပိုက်ဖြင့် ဆွဲဆောင်မှုရှိရှိ စုပ်သောက်နေသော ဆူးနစ်သွေးမှာ မျက်ခုံးတစ်ချက်ပင့်သွားပြီး ချက်ချင်းအဖြေမပေးသေးဘဲ ကော့တေးခွက်အား စားပွဲပေါ်သို့တင်ပြီး ခြေတံရှည်တို့အား ချိတ်၍ သက်တောင့်သက်သာဖြစ်အောင် ထိုင်လိုက်သေးသည်။

"ဦးကမ္ဘာစိုးမိုးရဲ့ အပေးအယူကို လက်လွှတ်ရအောင် ကျမက အရူးမှမဟုတ်ပဲ ပြောပါဦး ရှင့်ကို မြင်လိုက်တာနဲ့ ကျမစိတ်ဝင်စားသွားပြီ"

စုံစမ်းထားသလိုပါပင် ထိုမိန်းကလေးက ချမ်းသာရန်အတွက် လူချမ်းသာများအား လိုက်ကပ်နေသည်။ရတုလက်ာ အပါအဝင်ပေါ့။

"နာမည်ပျက်စာရင်းဝင်နေတဲ့ မင်းမိသားစုဆီက ငါရှယ်ယာဝယ်ပေးမယ် မင်းတို့ရောင်းချင်သလောက်ပေါ့"

"လာနောက်မနေပါနဲ့ရှင် ငွေဖြူငွေမည်းကိစ္စက ခုထိမရှင်းရသေးတာ ရှင်သိမှာပါ"

"ကိုယ်နဲ့သာ အပေးအယူလုပ်မယ်ဆို အဲ့ကိစ္စက စဥ်းစားစရာမလိုဘူး"

"အင်းပါ ကျမသဘောတူလိုက်ပါမယ် ဦးကမ္ဘာစိုးမိုးက လူကြီးလူကောင်းတစ်ယောက်ဆိုတာ ကြားပြီးသားပဲ"

"သဘောတူပြီဆိုရင် ကိုယ့်အတွင်းရေးမှူးနဲ့ ဆက်ပြောလိုက်ပါ"

ထ ထွက်သွားဖို့ ပြင်နေသည့် ကမ္ဘာစိုးမိုး၏ လက်အား ဆူးနစ်သွေးမှ ဆွဲလိုက်သည်။

ထိုမိန်းကလေးကို မြင်တိုင်း ကမ္ဘာစိုးမိုး စိတ်အနှောင့်အယှက်ဖြစ်ရသည်။

ရတုလက်ာ၏ ဘေးနား၌ အချိန်အကြာဆုံးရှိခဲ့သည့်ချစ်သူဟူသော အကြောင်းအရာက သူ့အား စိတ်ညစ်စေသည်။

"အပေးအယူအကြောင်းလေးကို ရှင်နဲ့ပဲ ပြောလို့ရမလား"

"ကောင်းပြီ ပြောကြတာပေါ့ "

"ရှင်က ဘာတွေများလိုချင်နေလို့ ဒီလိုလုပ်ရတာလဲ ဧကန္တ ကျွန်မကိုများလား"

ဆူးနစ်သွေး၏ စကားကြောင့် ကမ္ဘာစိုးမိုး ဟက်ဟက်ပက်ပက် ရယ်ချင်မိပေမယ့် ပြုံးရုံသာ ပြုံးပြလိုက်သည်။

Char TateWhere stories live. Discover now