EPISODE 8

5.3K 290 2
                                    

Unicode

"ဟေ့လူ ဘရိတ်ဖြည်းဖြည်းအုပ်ဗျ"

"ဟုတ် ဟုတ် အစ်ကိုလေး ကျနော်တောင်းပန်ပါတယ်"

ညက သောက်ထားတဲ့အရှိန်က မပြေသေး။မနက်စောစောစီးစီး ကြားလိုက်ရတဲ့ သတင်းကလည်း တော်တော်ဆိုးပါသည်။

မနေ့က ပြန်ရတဲ့ ဆိုင်ကယ်လေးကို ရောင်းလိုက်ပြန်ပြီတဲ့။အဲ့ သောက်အဘိုးကြီး မြန်မြန်သေမှ အေးမှာ။

"ငါ့ကို ဟိုအဘိုးကြီးဆီ လိုက်ပို့ပေး မဟုတ်သေးဘူး သန့်စင်ခန်းအရင်ပို့ ခေါင်းက ညီးစီစီဖြစ်နေလို့"

"ဟုတ်ကဲ့ အစ်ကိုလေး "

ကားတောင်မမောင်းနိုင်လို့ အတွင်းရေးမှူးလာခေါ်သည့်ကားဖြင့် လိုက်လာရသည်။ညက စစ်မင်းဆက်ရော သူရော နိုင်တာကြောင့် တော်တော်မူးသွားကြသည်။

သန့်စင်ခန်းသို့ ခပ်သုတ်သုတ်သွားကာ မျက်နှာကို ရေအေးအေးဖြင့် သစ်လိုက်သည်။ရတုလင်္ကာတို့အုပ်စုက အချင်းချင်းသာ ဗရုတ်ကျပြီး ပေါနေတတ်တာ။မိန်းကလေးတွေရှေ့ကျရင်တော့ ဟိတ်ဟန်က အပြည့်။

ဒီလိုနေရာမျိုးမှာတော့ အရှက်ကွဲမခံနိုင်ပါဘူး။
မနေ့ကမှ ညှပ်ထားသည့် အသစ်စက်စက်ဆံပင်အား လက်ဖြင့် သပ်လိုက်သည်။ထိုဆံပင်ပုံစံကို မြင်တုန်းက ဖြစ်သွားသည့် အတွင်းရေးမှူးမျက်နှာကို သတိရမိသေးသည်။တိုင်နဲ့ ခေါင်းနဲ့ ပြေးဆောင့်တော့မည့်ပုံ။

"အစ်ကိုလေး Bossကို တွေ့ချင်တယ်ဆို အခုသွားမှရတယ်ခင်ဗျ။နာရီဝက်နေရင် အစည်းအဝေးရှိလို့"

"အိုခေ သွားမယ်"

သွားသည့်လမ်းတစ်လျှောက် တွေ့သမျှ လူတွေအကုန်လုံးမှာ ရတုလင်္ကာကို ငေးမောနေကြသည်။

"ကိုထက် ကိုထက် မောနင်းနော်"

"ဪ အေးအေး ဝတီနဲ့သူဇာ"

ပြာကလက်စိန် ဝန်ထမ်းနှစ်ယောက်မှာ အနားသို့ ချဉ်းကပ်လာပြီး နှုတ်ဆတ်တာကြောင့် အံ့ဩသွားသည်။

"ကိုထက် အဲ့တစ်ယောက်က ဘယ်သူလဲ ချောလိုက်တာ မော်ဒယ်လားဟင် ဒီနှစ်ကြော်ငြာအတွက်လား"

Char TateWhere stories live. Discover now