EPISODE 32

3.9K 228 13
                                    

Zawgyi

မကြာခင် သူတို့၏ အိမ်ထောင်သက်တမ်းက သုံးလပြည့်တော့မည်ဖြစ်သည်။

လက်ထပ်စတုန်းက ကိုယ့်ပုံစံကိုယ်တွေးကာ ရတုလက်ာ ပြုံးမိသေးသည်။

သုံးလနေရင် ကွာရှင်းမယ်လေး ဘာလေးနဲ့ပေါ့ အခုများတော့...

"ဒေါက်"

"အား...ဟေ့ကောင် နာတယ်ကွ"

"ငါနဲ့ စကားပြောရင်း အရူးလို ပြုံးဖြီးနေတာလေ မခေါက်ရဘူးလား"

Clubမှာ သူရိန်မင်းနှင့် စကားပြောလိုက် သောက်လိုက် လုပ်ရင်းမှ ဦးကမ္ဘာစိုးမိုးအကြောင်း တွေးပြီး ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်သွားတာကြောင့် ဟိုကောင်က ခေါင်းကို ဘီယာဘူးနှင့် ထခေါက်ပါလေရော။

ကိုယ့်အပြစ်နှင့် ကိုယ်မို့ ရတုလက်ာ သွားဖြီးလိုက်ပြီး

"မင်းကလည်းကွာ ငါက 3 months Anniမှာ ဦးကမ္ဘာကို Suprise လုပ်ချင်လို့ အရင်တခါက သူပေးထားတာလေကွာ မင်းတောင် အားကျသေးတယ်မဟုတ်လား"

သူရိန်မင်းက အရက်ခွက်ကို လှုပ်နေရင်း မဲ့ရွဲ့လိုက်ကာ

"မကျပါဘူး အပူတွေ သူများဝယ်ပေးမှ စီးနိုင်တာကြလို့"

"မလိမ်ချင်စမ်းပါနဲ့ကွာ အဲ့နေ့က မင်းမျက်လုံးတွေ အားကျနေမှန်း ငါသိပါတယ်"

အားကျတယ်လို့တောင် ပြောလိုက်သံ ကြားမိသလားပဲ ကိုယ့်အပျော်နှင့် ကိုယ်မို့ သတိမထားလိုက်မိတာ နာတာပဲ။

"အဲ့တုန်းကတော့ ဟုတ်မှာပေါ့ ခုတော့မဟုတ်ဘူး မနက်ဖြန်အတွက် တစ်ယောက်ရှာရဦးမယ်"

"မရှာခင် ငါ့ကို စဉ်းစားပေးစမ်းပါ လက်ဆောင်ပဲဖြစ်ဖြစ် တစ်ခုခု ဦးကမ္ဘာကို ပေးချင်လို့"

နှုတ်ခမ်းကြီး ဆူကာ ပူဆာ​နေသော ရတုလက်ာ​ကြောင့် စိတ်ကုန်သည်ဟူသော အကြည့်ဖြင့် သူရိန်မင်းက ကြည့်ပြီး သူ၏ V shapeမကျတကျ မေးစိအား ပွတ်ကာ စဉ်းစားနေရင်းမှ

"ရှည်ရှည်ဝေးဝေး စဉ်းစားမနေပါနဲ့ကွာ ဟိုဟာပေးလိုက်ပါ့လား"

"ဘယ်ဟာလဲ"

"ငါ့ကို ပြောစမ်းပါဦး မင်းက မိန်းမလား ငါ့ဦးလေးက မိန်းမလား"

Char TateWhere stories live. Discover now