EPISODE 19

4.4K 257 9
                                    

Unicode

"ခင်ဗျား ပြောတဲ့ မအားဘူးဆိုတာ ဒီမိန်းမနဲ့ ညစာစားဖို့လား"

ဒေါသသံ၌ ငိုသံစွတ်နေမှန်း ရတုလက်ာကိုယ်တိုင် သတိထားမိသည်။

"ဒါ အလုပ်ကိစ္စ ချာတိတ် "

"အတူတူ ထမင်းစားနေတာလည်း အလုပ်ပဲလား ကျနော်နဲ့ စကားပြောဖို့ကျ အချိန်မရှိပဲနဲ့ ဒီမိန်းမနဲ့ တွေ့ဖို့ကျအချိန်ရှိတယ်ပေါ့ ဟုတ်လား"

ဒေါသတို့ဖြင့် ကျယ်လောင်လာသော အသံက တိတ်ဆိတ်နေသော စားသောက်ဆိုင်တွင်း ပေါ်ထွက်လာသည်။

ကွက်ကြည့်ကွက်ကြည့်ဖြစ်လာသော တခြားဝိုင်းများကြောင့် ကမ္ဘာစိုးမိုးသည် ရတုလက်ာလက်ကို ဆွဲကိုင်လျက် အပြင်သို့ ထွက်ခဲ့သည်။

"မင်း အရှက်မရှိဘူးလား လူမြင်ကွင်းမှာ ဒီလိုအော်ကြီးဟစ်ကျယ်ပြောနေတာ ဂုဏ်သိက္ခာရှိတဲ့ လူမဟုတ်ဘူး တဖက်က အမျိုးသမီးကိုလည်း အားနာသင့်တယ်"

"ဒါဆိုလည်း အဲ့ဂုဏ်သိက္ခာရှိတဲ့ မိန်းမကိုပဲ အားနာနေလိုက် ကျနော်က သူမဟုတ်တော့ ခင်ဗျားဘယ်အားနာတတ်ပါ့မလဲနော် ကျနော်က သောက်ရှက်မရှိတဲ့ကောင်ဆိုတော့"

ဆွဲကိုင်ထားဆဲ ကမ္ဘာစိုးမိုးလက်အား ရုန်းလိုက်ကာ ရတုလက်ာ ထွက်သွားခဲ့သည်။

ထိုလူရှေ့မှာ ဆက်ရပ်နေလျှင် ထိုင်ချကာ ငိုမိလိမ့်မည်။

လွန်လား မလွန်လား သူမသိ။
သူသိတာက  အဲ့ဒီလူကိုပဲလေ။ဂုဏ်သိက္ခာတွေ မရှိဘဲနဲ့ရော လူတစ်ယောက်ကို ချစ်လို့မရဘူးလား။

စစ်မင်းဆက်နှင့် သူရိန်မင်းမှာ ရတုလက်ာနောက်သို့ ပြေးလိုက်သွားကြသည်။

သူတို့သူငယ်ချင်းအတွက် အတတ်နိုင်ဆုံး နှစ်သိမ့်ပေးရန်သာ ရှိသည်။

~~~~~~~~~~~ Char Tate ~~~~~~~~~~

ည 12 နာရီ။

ကမ္ဘာစိုးမိုးသည် မျက်မှန်အား ချွတ်ကာ နားထင်ကို ဖိလျက် အနားယူနေသည်။

ခုမှပဲ စိတ်သက်သာရာရတော့သည်။ကုမ္ပဏီအသစ်၏ လျှို့ဝှက်အချက်အလက်များအား ပေါက်ကြားသွားပြီးနောက် ပြသနာများကို တစ်ပတ်အတွင်းရှင်းနေရသည်။အစအဆုံး အကုန်အသစ်ပြန်လုပ်ရပြီး တရားခံကိုလည်း ရှာဖွေကာ တရားဥပဒေအရ ဆောင်ရွက်ရသေးသည်။ ဖက်ဆပ်ကုမ္ပဏီနှင့် သတ်မှတ်ထားသည့် ရက်အတွင်း ကိုယ့်ဘက်က တာဝန်မကျေခဲ့တာမို့ ရက်ရွှေ့ပေးရန် ညှိနှိုင်းရသည်။

Char TateWhere stories live. Discover now