Unicode
အဝတ်အစားလဲပြီးနောက် ချာတိတ်အား အလုပ်ခန်းထဲသို့ အတင်းပို့ကာ ကိုယ်ကတော့ အိပ်ခန်းထဲတွင် စာအုပ်တစ်အုပ်ကို ဝရန်တာ၌ ထိုင်ဖတ်နေလိုက်သည်။
အလုပ်ခန်းထဲ လိုက်သွားလို့ကမရ ထိုချာတိတ်က လုပ်စရာရှိသည့်အလုပ်ကို မလုပ်။ကိုယ့်ကိုသာ ထိုင်ကြည့်ပြီး စကားပြောနေတတ်တာ။
အိပ်ခန်းထဲ အလုပ်တောင် လာယူလုပ်ဦးမလို့ပါတဲ့ဆို။ဘာလို့လဲဆိုတော့ မခွဲနိုင်လို့တဲ့လေ။တတ်လည်း တတ်နိုင်သည့် ချာတိတ်လေး။
ညဆယ့်နှစ်နာရီကျော်လောက်ကျတော့ ချာတိတ်ကို သွားခေါ်လိုက်သည်။ကိုယ့်တုန်းက နှစ်နာရီလောက်မှ အိပ်ပြီး မနက်အစည်းအဝေးတက်ရသည့်နေ့များဆို ရှယ်ယာရှင်များကြား ချာချာလည်အောင် ခေါင်းမူးနောက်နေတာတောင်မှ သည်းခံခဲ့ရသည်။
ဒီကောင်လေးကိုတော့ ထိုသို့ဖြစ်ခွင့်မပေးနိုင်ပါ။
ကိုယ်အလုပ်ကြိုးစားခဲ့သမျှ သူလေးအတွက်ပင်။"ဦးကမ္ဘာ ကျနော်ခင်ဗျားကို မကျေနပ်တာတစ်ခုရှိသေးတယ် ညနေက သဝန်တိုတာနဲ့ ပြောဖို့မေ့သွားတာ"
အခန်းထဲဝင်လာကတည်းက ဆူပုတ်နေသည့် မျက်နှာသေးသေးလေးကြောင့် ကမ္ဘာစိုးမိုး ချစ်ရပြန်သည်။ထိုကောင်လေး၏ ချစ်ဖို့ကောင်းမှုတွေက ဒီတစ်သက် ရပ်တန့်သွားမယ့်ပုံမပေါ်ချေ။
"ပြောပါဦး ဘာဖြစ်ပြန်ပြီလဲ"
ခြေလေးဆောင့်ကာ ကုတင်စွန်းရှိရာသို့ သွားကာ ထိုင်လိုက်ပြီး
"ခင်ဗျားက ကျနော်နဲ့ကျ ငါနဲ့မင်းဆိုပြီး ပြောတယ် ဟိုအတွင်းရေးမှူးရော ညနေက ကောင်မလေးကိုရော မဟုတ်ဘူး လူတိုင်းကိုကျ တကိုတည်းကိုနေတယ် မကျေနပ်ဘူး"
ကမ္ဘာစိုးမိုးပြုံးလျက်ပင် ရတုလက်ာဘေးသို့ ဝင်ထိုင်ကာ ခေါင်းလေးအား ပုတ်လိုက်ပြီး
"မင်းရော မင်းသူငယ်ချင်းတွေနဲ့ဆို ဘယ်လိုပြောလဲ"
"ငါနဲ့မင်းနဲ့ ပြောတာလေ"
"နောက်ဘဝကျရင် ငါဘာဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးလဲ"
ထိုအခါမှ ချာတိတ်က မျက်လုံးလေးမှေးပြီး စဥ်းစားကာ
YOU ARE READING
Char Tate
General FictionLove is a thing that if you'll find, never can see it but you will meet this nearly or by chance.