EPISODE 54

3.3K 174 2
                                    

Unicode

မျက်လုံးအား ဆတ်ခနဲ ဖွင့်လိုက်ပြီးနောက် ညက အကြောင်းအရာများအားလုံးကို ကမ္ဘာစိုးမိုး သတိရသွားသည်။

"ချာတိတ် ပြန်ရောက်နေပြီလား"

မနက်လေးနာရီထိုးနေသောကြောင့် အိပ်ခန်းသို့ အမြန်ပြေးကြည့်လိုက်ပေမယ့် ဘယ်သူမှရှိမနေ။တစ်အိမ်လုံး နှံ့စပ်အောင် ရှာလည်းမတွေ့ပေ။

ကိုယ်က အအိပ်ဆတ်သည့်လူမျိုးပင်။ချာတိတ်တစ်ယောက်လုံး အိမ်ထဲဝင်လာတာကို မနိုးမည့်လူမဟုတ်။

သေချာတာကတော့ ချာတိတ် ညက အိမ်ပြန်မလာခဲ့တာဖြစ်ရမည်။

ညက ကိစ္စကြောင့် ချာတိတ် တော်တော်စိတ်ဆိုးသွားပုံရသည်။

အခုချိန်ထိများ Clubမှာ ရှိနေတုန်းလား...

ချက်ချင်းပင် သူရိန်မင်းဆီသို့ ဖုန်းဆက်လိုက်သည်။ချာတိတ်က စိတ်ဆိုးသွားတာမို့ ဖုန်းဆက်လည်း ကိုင်မှာမဟုတ်ပေ။

တော်သေးသည်...ချာတိတ်နှင့် ပတ်သတ်သမျှလူတို့အား ဆက်သွယ်နိုင်ရန် ပြင်ဆင်ထားခဲ့ပေလို့။

"ဘယ်လိုကောင်လဲကွာ...လူလိုနားမလည်ဘူးလား လူအိပ်ချိန်ကွ"

"ချာတိတ် မင်းတို့နဲ့ရှိနေလား"

တစ်ဖက်က အိပ်ချင်မူး​တူးအသံကို အားမနာနိုင်သလို မရိုသေသည့်စကားများကိုလည်း ကမ္ဘာစိုးမိုး ဂရုမစိုက်အားပါ။

ယခုချိန်တွင် ချာတိတ်အဆင်ပြေနေရဲ့လားဆိုတာကိုပင် အသိချင်ဆုံးဖြစ်သည်။

"ဘယ်သူလဲကွာ မူးနေတာလား"

"ကမ္ဘာစိုးမိုးပြောနေတာပါ ချာတိတ်ဘယ်မှာလဲသိလား"

"ဗျ...ဗျာ ဦးလေးလား"

"ဟုတ်တယ် ချာတိတ် ဘယ်မှာလဲ"

တစ်ဖက်ကလူအား ကမ္ဘာစိုးမိုး လုံးဝစိတ်မရှည်တာကြောင့် အသံကမာထန်သွားသည်။

"ဟို...သူညက ဘယ်အချိန်ပြန်သွားမှန်းတောင် မသိဘူး ငစစ်တို့ကို မေးကြည့်ပါလား ကျနော်ညက မူး..."

ကမ္ဘာစိုးမိုး စိတ်မရှည်စွာဖြင့် ဖုန်းချလိုက်သည်။ထို့နောက် က္ကန္ဒြေသစ္စာဆီသို့သာ ဖုန်းဆက်လိုက်သည်။ထိုမှတစ်ဆင့် စစ်မင်းဆက်ဆီကများ အကြောင်းအရာတချို့ကြားရလောက်မည်ဟု ထင်မိသည်။

Char TateWhere stories live. Discover now