EPISODE 52

3.2K 174 19
                                    

Unicode

"နောက်တစ်ပတ် တနဂ်နွေနေ့မှာ ရှယ်ယာရှင် မိတ်ဆုံစားပွဲရှိပါမယ် Boss"

"ဘယ်လို စနေနေ့မရဘူးလား"

အတွင်းရေးမှူး၏ ခေါင်းခါပြမှူကြောင့် ကမ်ဘာစိုးမိုး စိတ်ပျက်မိသွားသည်။

"စနေနေ့ကို ဒုတိယအများဆုံးရှယ်ယာရှင်က ရွှေ့ခိုင်းထားလို့ပါ Bossက တနဂ်နွေအားမယ်ထင်တာ မအားဘူးဆိုရင်လည်း နောက်တစ်ပတ်..."

"နောက်တစ်ပတ်က ဘယ်လိုထပ်ရွှေ့လို့ ဖြစ်မလဲ အရမ်းနောက်ကျသွားမှာပေါ့ ရှယ်ယာရှင်တွေကို မနည်းရအောင် ခေါ်ထားရတာ နေ့ရွှေ့ညရွှေ့လုပ်လို့မဖြစ်ဘူး"

ကမ်ဘာစိုးမိုး တကယ်အကျပ်ရိုက်နေပြီဖြစ်သည်။တစ်နှစ်ပြည့် နှစ်ပတ်လည်က ပိတ်ရက်ကျတာမို့ ချာတိတ်တစ်ယောက်ပျော်နေခဲ့တာ အခုတော့...။

"ဟာကွာ..."

အတွင်းရေးမှူးမှာ ဒေါသထွက်နေသည့် သူ၏သူဌေးအား မရဲတရဲဖြင့်

"ဒါဆို ကျနော် ဘာလုပ်ရမလဲဟင်"

"တနဂ်နွေပဲထားလိုက်ပါ ကိုယ်အလုပ်ဆင်းပြီ"

ကုတ်အကျီနှင့် လက်ဆွဲအိတ်အားယူကာ ငါးနာရီဒေါင်ဆိုတာနှင့် ထိုင်ခုံမှ ထကာ အလုပ်ဆင်းပြီဖြစ်သော သူဌေးမှာ အရင်ကနှင့်မတူ တော်တော်ပြောင်းလဲသွားသည်။

အလုပ်ကိုလည်း ဖိမလုပ်တော့ဘဲ ပုံမှန်သာ လုပ်သည်။ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကာ အစားလည်း မှန်လာပြီး ကျန်းမာရေးကိုလည်း အလေးထားလာပြီဖြစ်သည်။

"မထင်ထားဘူး အစ်ကိုလေးရယ် အစ်ကိုလေးကြောင့် Bossတော်တော်ပြောင်းလဲသွားပြီ"

ကမ်ဘာစိုးမိုး၏စားပွဲထောင့်၌ တင်ထားသော ရတုလက်ာ၏ဓာတ်ပုံလေးကို ကြည့်ကာ အတွင်းရေးမှူးပြောလိုက်သည်။

သူ့သူဌေးလူပျိုကြီးတော့ အစ်ကိုလေးကို အရမ်းစွဲလမ်းနေပြီ...။

~•~•~•~•~• Char Tate •~•~•~•~•~

"ဘာဝယ်ပေးရမလဲကွာ ခေါင်းတွေခြောက်လာပြီ"

နှစ်ပတ်လည်လက်ဆောင်အား လိုင်းပေါ်မှ ရွေးရင်း ရတုလက်ာဒေါသထွက်လာသည်။တစ်ခုမှ စိတ်တိုင်းမကျဘဲ စိတ်ကျေနပ်မှုမရှိ။ဒီတစ်ခါ နှစ်ပတ်လည်လေး ပိတ်ရက်ကျတာမို့ ပျော်နေမိသည်။

Char TateWhere stories live. Discover now