EPISODE 22

4.3K 226 4
                                    

Unicode

"ဒီကားကို တော်တော်လိုချင်ခဲ့ပုံပဲ"

ဖက်ထားရင်းမှ ကမ္ဘာစိုးမိုးက ပြောလာသည်။

ရတုလက်ာက ပိုမိုတင်းကျပ်စွာ ဖက်လိုက်ရင်းမှ ခွန်းတုံ့ပြန်သည်။

"ကျနော် ပျော်နေတာက ဒီပြိုင်ကားကြောင့်လို့ ထင်နေတာလား"

တိတ်ဆိတ်နေသော ကမ္ဘာစိုးမိုးကြောင့် ရတုလက်ာ ဆက်ပြောသည်။

"ဈေးကြီးတဲ့ ပြိုင်ကားမဟုတ်ဘဲ သာမာန်အရုပ်ကားလေးဆိုရင်တောင် ကျနော် ဒီလိုပျော်နေမှာ။ကျနော် ပျော်ရွှင်ရတဲ့အကြောင်းရင်းက ဒီပြိုင်ကားကြောင့် မဟုတ်ဘဲ ကျနော့်ဖို့ သတိတရဝယ်လာပေးတဲ့ ခင်ဗျားကြောင့်ပါ"

ဖက်ထားရင်းမှ နှစ်ယောက်သား အကြည့်ချင်းဆုံမိလျက် ပြုံးနေမိကြသည်။

အပြင်လူများအနေနှင့် ကြည့်လျှင် ခွဲနေရသည့် လင်မယားနှစ်ယောက် အလွမ်းသယ်နေကြသလိုပင်။

ထိုနေ့ နေဝင်ချိန်က ပြည့်စုံခဲ့သည်။

~~~~~~~~~~ Char Tate ~~~~~~~~~~

"ဦးကမ္ဘာ ကျနော်ဆံပင်အရှည်ထားရင် ကောင်းမလား"

မနက်စာစားပွဲ ကောက်ကာငင်ကာ ထမေးသည့် ရတုလက်ာကြောင့် ကမ္ဘာစိုးမိုးမှာ စိတ်ပျက်စွာ ခေါင်းခါမိသည်။

"မင်းကိုယ်က တက်တူးတွေနဲ့ ဆံပင်ရှည်နဲ့သာဆို သေချာပေါက် လမ်းသရဲပုံစံပဲ မင်းကို ဘယ်သူမြှောက်ပေးလိုက်ပြန်ပြီလဲ"

"မဟုတ်ပါဘူး က္ကန္ဒြေသစ္စာရော ဂန္တဝင်ချီရောက ဆံပင်ရှည်ကြတယ်လေ ခင်ဗျားက ဆံပင်ရှည်တဲ့လူတွေကို ကြိုက်တယ်မလား"

"ဒါပေမယ့် မင်းက ယောက်ျားလေ ချာတိတ်ရဲ့ သူတို့နဲ့ လိုက်မတုနဲ့"

"ခင်ဗျားက ဘယ်လိုပုံစံမျိုးတွေ ကြိုက်တာလဲဟင်"

"အစားစားရင်း စကားမများရဘူး"

"အင်းပါ ကျနော်က သိချင်လို့ဟာကို"

အားမတန်လို့ မာန်လျှော့ပြီး မျက်နှာလေးညိုးသွားပြန်တော့လည်း ကမ္ဘာစိုးမိုးမနေတတ်။

Char TateWhere stories live. Discover now