EPISODE 41

3.8K 206 3
                                    

Zawgyi

သူ၏ အဖြေအား နားစိုက်ထောင်နေကြသော လူတစ်စုကို ကမ္ဘာစိုးမိုး ဝေ့ဝိုက်ကာ ကြည့်လိုက်ပြီးနောက်

"ဒေါ်လက်ာရည်က သူ့သားကို ကျနော့်ဆီ သင်ယူစရာတွေ သင်ယူရအောင် အပ်ထားရုံပါပဲ။ဦးမင်းမြတ်တို့ကြား ပြန့်နေတဲ့သတင်းက ကောလဟာလသပ်သပ်ပါ"

ကမ္ဘာစိုးမိုး၏ အဖြေကြောင့် ရတုလက်ာခေါင်းငုံ့လိုက်ပြီး မျက်ရည်ဝဲနေသည့် မျက်လုံးတို့ကို တခြားလူမမြင်အောင် ဖွတ်ထားမိသည်။

ဘာတွေကို မျှော်လင့်နေပြန်တာလဲ ရတုလက်ာရယ်...

ကိုယ့်ဖာသာကို အပြစ်တင်သည်။

"သားနဲ့ ရတုနဲ့က အရင်တည်းက သိတာ အဖေရဲ့ အခုလည်း တစ်ဝိုင်းထဲမှာ ထိုင်နေတာ သွားခွင့်ပြုပါဦး"

သာကီမင်းမြတ်က ခွင့်တောင်းကာ ရတုလက်ာအနားသို့ လာပြီး လက်မောင်းကို ဆွဲကာ ခေါ်သည်။

ရတုလက်ာ ခေါင်းပြန်မော့တော့ ကမ္ဘာစိုးမိုး အကြည့်ချင်းဆုံသည်။

"လိုက်သွားချင်လား"

ကမ္ဘာစိုးမိုးက မေးလာတော့ ရတုလက်ာ ခေါင်းညိမ့်ပြမိသည်။

အခုချိန် ခင်ဗျားဘေးမှာ နေရတာ မွန်းကျပ်လို့ပါ ဦးကမ္ဘာရယ်။ခဏလေးပဲ သွားမှာပါ ခဏနေရင် ခင်ဗျားနား လာတွယ်ကပ်နေမိဦးမှာ...ကျနော်မှ မနေနိုင်ဘဲ။

"သွားလေ"

ကမ္ဘာစိုးမိုးဆီက ခွင့်ပြုချက်ရသွားသည်နှင့် ယခုနက ထိုင်ခဲ့​သောဝိုင်းသို့ သူပြန်သွားလိုက်သည်။

ပတ်ဝန်းကျင်နှင့်သူက အဆက်အသွယ်ပြတ်နေသလို ခံစားရသည်။

အခုချိန်တွင် မှောင်မဲနေသည့် ချောင်တစ်ချောင်သို့ သွားကာ ငိုချင်မိသည်။

အခုတလော ဦးကမ္ဘာဆီက ဂရုစိုက်မှုကို တော်တော်ရလိုက်၍ သူတို့၏ ဆက်ဆံရေးကို မေ့လျှော့သလိုတောင် ဖြစ်သွားခဲ့သည်။

ခင်ဗျား မှန်ပါတယ် ဦးကမ္ဘာ...
အဲ့အဖြေက ကျနော်တို့နှစ်ယောက်အတွက် အကောင်းဆုံးနဲ့ အမှန်ကန်ဆုံးအဖြေ ဖြစ်နေတာပဲ...။

Char TateWhere stories live. Discover now