EPISODE 23

4.2K 233 2
                                    

Unicode

"ဟို ဦးကမ္ဘာ"

အလုပ်ရှုပ်နေသည့် လူအား စကားလာစသည့် ထိုချာတိတ်ကို ကမ္ဘာစိုးမိုး မျက်မှောင်ကျုံ့လျက် ကြည့်ပေးလိုက်သည်။

ခုလေးတင် မဂ်လာဆောင်က ပြန်ရောက်တယ်။အခု အဝတ်အစားလဲပြီး အပြင်ထွက်ဖို့ ပြင်နေပြီ။

ဒီကောင်လေးက အိမ်ကို လုံးဝမကပ်ချင်သည့် ကလေးပင်။

"ဟီး...ဟိုလေ ကျနော် ဒီည ငစစ်ပါတီသွားချင်လို့ နည်းနည်းနောက်ကျလို့ ရမလားလို့ ဒီတစ်ရက်ထဲပါ"

ကမ္ဘာစိုးမိုးက စိတ်ရှုပ်ဟန်ဖြင့် တပ်ထားသော ငွေကိုင်းမျက်နှာအား ဆွဲချွတ်ကာ

"ဘယ်နနာရီ ပြန်လာမှာလဲ"

"အယ် ၁၁...၁၁လောက် ခင်ဗျား မစောင့်လည်း ရတယ် ကျနော် သူတို့ဆီမှာပဲ အိပ်လိုက်ပါ့မယ်"

"၁၁ထက် နောက်မကျစေနဲ့ ဒီနေ့ပဲ ခွင့်ပြုမယ်"

"အိုခေ အိုခေ လုံးဝနောက်မကျစေရဘူး သွားပြီနော်"

မသွားခိုင်းပြန်တော့ရော ဝမ်းနည်းပြီး တစ်ညလုံး အပူသည်ရုပ်လုပ်နေမှာ မြင်ယောင်သေး။

မသွားခိုင်းချင်ပေမယ့် ခွင့်ပြုလိုက်ပါသည်။လူငယ်တွေပဲ တစ်ခါတစ်လေ ပျော်ပါစေလေ။

~~~~~~~~~~ Char Tate ~~~~~~~~~~

"ဒါလင်..."

"ဆူးရယ် ငါ့နောက် ဆက်မလိုက်လို့မရဘူးလား ငါအနူးအညွှတ်တောင်းပန်ပါတယ်ဟာ"

ပါတီတစ်လျှောက်လုံး ဒါလင် ဒါလင်ဖြင့် လိုက်နှောက်ယှက်နေသော ဆူးနစ်သွေးကြောင့် ရတုလက်ာ မပျော်နိုင်တော့။

ဆက်မလိုက်ရန် ထပ်ကာထပ်ကာ တောင်းပန်လည်းမရ တကယ်စိတ်ပျက်ဖို့ကောင်းလှသည်။

"ဟန်နီမှ ဒါလင့်ကို မပြတ်နိုင်တာကွာ ဟန်နီတို့ တစ်က ပြန်စရအောင်လေ ဟန်နီအရင်ကထက် ပိုကောင်းပေးပါ့မယ်"

"ဒါပေမယ့် ငါက တကယ်ချစ်တဲ့လူတွေ့နေပြီလေ မင်းကိုလည်း လုံးဝကို မေ့နေပြီ ရပ်တန်းက ရပ်ပါတော့ တခြားချမ်းသာတဲ့ တကောင်ကောင်ကို သွားကပ်ပါလား မင်းအချိန်တွေ မဖြုန်းစမ်းပါနဲ့"

Char TateWhere stories live. Discover now