EPISODE 4

6.9K 361 11
                                    

Unicode

"ဒီကောင်လေးကတော့လေ ဧည့်သည်တွေကို ထားပြီး ပျောက်သွားပြန်ပြီ"

"ရပါတယ် ကြီးကြီးခင်ရယ် သူလည်း အလုပ်ရှုပ်နေတဲ့ ပုံပဲ။ဒါဆို သမီးတို့ပြန်ဦးမယ်လေ။နောက်မှ ပြန်လာခဲ့မယ်"

"အေးကွယ် ညည်းတို့သိတဲ့အတိုင်းပဲ ဓာတ်ပုံကိစ္စကြောင့် သူလည်း ထိခိုက်သွားတယ်။မြေးလေးရယ် အပန်းမကြီးရင် ​မြေး အစ်ကိုကို ခြံထဲသွားခေါ်ချေပါလား။မြေးတို့လည်း ပိုရင်းနှီးတာပေါ့။

ကိုယ့်ဘက်လှည့်လာမှာစိုးလို့ တစ်ခွန်းမှတောင် ဝင်မပြောဘဲ ငြိမ်နေတာကို အခုတော့ မြားဦးက ကိုယ့်ဘက်တည့်တည့်လှည့်လာသည်။အားကိုးစရာ မိဘများကလည်း သွားရန် ခေါင်းဆတ်ပြသည်။လင်မယားလို့ မပြောရဘူး ဒါမျိုးကျ ညီနေတာ။

"ဟုတ်...ဟုတ်ကဲ့"

မသွားချင် သွားချင်ဖြင့် ထထွက်လာသည်။
ဟိုဘိုးတော်ကြီးလာထိုင်ထဲက ငြင်းပါစေဆိုပြီး ဆုတောင်းနေတာ။ဟိုကလည်း ကိုယ့်အတိုင်း တစ်လုံးမှပင် ဝင်မပြော။ဖုန်းလာတာနဲ့ ချက်ချင်းထထွက်သွားတော့တာ။သူလည်း ကိုယ့်လို သူ့အဘွားကိုကြောက်လို့ ငြိမ်နေရသည်ထင်။

"ဒါနဲ့လေ ကြီးကြီးခင် ဓာတ်ပုံတွေက ဘယ်လိုပြန့်သွားရတာလဲ ရည်ကတော့ အံ့ဩမဆုံးဘူး နာမည်အတိအကျကြီးနဲ့ဆိုတော့ ကုမ္ပဏီနာမည်ပါလာတော့ ရည်မှာ မူးတောင်လဲချင်သွားတာ အလုပ်ကလည်း ရှုပ်နဲ့ ဒီနိုင်ငံရောက်မှာ ကြီးကြီးခင်ရဲ့ မြေးမှန်းသိရတဲ့အဖြစ်"

"ရေစက်ပဲပေါ့အေ"

ဧည့်ခန်းထဲရှိ သုံးယောက်မှာ အပြုံးကိုယ်စီပန်ဆင်ထားလျက်။

~~~~~~~~~~~ Char Tate ~~~~~~~~~~~~

ဖုန်းပြောနေသည့် ကျောပြင်အား မြင်နေရတာကြောင့် အနားသို့ ဖြည်းဖြည်းချင်းသွားကာ ဘယ်ကဘယ်လို စခေါ်ရမှန်းလဲမသိ။

"တကယ်ပါကွာ ကိုယ်ပြောတာယုံပါ။ဒီကိစ္စက တစ်ယောက်ယောက်က ချောက်ချသွားတာ"

"....."

"ဘာလို့လဲ အန်ကယ်က ကိုယ်တို့ကိုသဘောတူထားတာလေ"

Char TateWhere stories live. Discover now